နိရဥ္စရာ၊ စက်တင်ဘာ၁၉/၂၀၂၂
စစ်တွေမြို့မှ ကုလားတန်မြစ်အတိုင်း အထက်ဘက်သို့စစ်ဇက်ရေယာဉ်တစ်စီးတက်သွားပြီးနောက် ယနေ့ညနေပိုင်းတွင် ကျောက်တော်မြို့နယ် နာဂရာကျေးရွာအနီးသို့အရောက်၌ လက်နက်ကြီး၊လက်နက်ငယ်သံများကို ထွက်ပေါ်လာသဖြင့် ၎င်းဇက်ရေယာဉ် ပစ်ခတ်ခံရပုံ၇သည်ဟု ဒေသခံများက ပြောဆိုသည်။
စစ်လက်နက်အပြည့်အစုံဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားတင်ဆောင်လာသည့် ၎င်းစစ်ဇက်ရေယာဉ်သည် ယနေ့စက်တင်ဘာလ ၁၉ ရက် ညနေ ၅ နာရီကျော်က ကျောက်တော်ကို ဖြတ်ကာ ကုလားတန်မြစ်အတိုင်းပလက်၀ဘက်သို့တက်သွားပြီးနောက် ညနေ ၆ နာရီခန့်၌ ကျောက်တော်မြို့နယ် နဂရာရွာအနီးအရောက်တွင် သေနတ်သံများထွက်ပေါ်လာခဲ့သည်ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
“ နာဂရာရွားအနီးက BE တပ်ဘက် အရောက်မှာ လက်နက်ကြီးသံ ၁၀ ကြိမ်ကျော်ရှိပြီ။ဘယ်ဘက်ကိုပစ်လို့ ပစ်မှန်းမသိရဘူး။ မြို့ပေါ်ကနေကြား၇တာ”ဟု ပြောသည်။
နဂရာကျေးရွာဘက်မှဒေသခံများကမူ လက်နက်ကြီးပစ်ခတ်မှုနှင့် အတူလက်နက်ငယ်သံများကိုပါကြားရသည့်အတွက်ဇက်ရေယာဉ်တိုက်ခိုက်ခံ၇ခြင်းဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုကြသည်။
စစ်တပ်ရေတပ်ဇက်ရေယာဉ်တိုက်ခိုက်ခံ၇ခြင်းဟုတ်/မဟုတ် နိရဥ္စရာက သီးခြား အတည်မပြုနိုင်သေးခြင်း မရှိသေးပါ။ သို့သော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ယင်းသို့ပစ်ခတ်သံများထွက်ပေါ်နေသည့်အတွက် ကျောက်တော်ကစ္ဆပနဒီတံတားအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်သည်လည်း ညနေ ၆နာရီခွဲခန့်တွင် တံတားပေါ်သို့ လက်နက်အပြည့်အစုံဖြင့် အလျင်အမြန်တက်သွားကြပြီး နေရာယူထားကြသည်ဟု မျက်မြင်များက ပြောသည်။
စစ်တပ်သည် ၇ခိုင်ပြည်နယ်အနှံ့နှင့်ပလက်၀ဒေသတို့တွင် သူတို့၏တပ်စခန်းများသို့ စစ်အင်အား၊လက်နက်ခဲယဉ်းမီးကျောက်၊ ရိက္ခာများကို စစ်၇ဟတ်ယာဉ်များဖြင့်သာ အဓိကပို့ဆောင်နေ၇ပြီး
စစ်ကားများ၊ စစ်ရေယာဉ်များကို အသုံးပြု ပို့ဆောင်ပါက အေအေ၏ဖြတ်တောက် တိုက်ခိုက်ခြင်းကို မကြာခဏခံရလေ့ရှိသည်ဟု သိ၇သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပြောခွင့်၇သူဦးခိုင်သုခက ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီတွင် အွန်လိုင်းမှတဆင့်ပြုလုပ်သောပဉ္စမ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီသည်စစ်သုံး ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်များ၊ စစ်ကားများအပြင် အရပ်ဘက်သုံးအမြန်ရေယာဉ်၊ ကား၊ မော်တော်ဘုတ်များကိုသုံးကာ စစ်အင်အားများ ဖြည့်တင်းလျက်ရှိနေသည့်အတွက် နှစ်ဘက်စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများသည် ယခုထက် ပြင်းထန်လာနိုင်ပြီးနောက်ထပ် တိုက်ပွဲများလည်း နေရာအနှံ့ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်သည်ဟုပြောဆိုခဲ့သည်။