နိရဉ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးမစ္စတာ မန်ဂျူရူလ် ကရင်လ်ချောင်ဒရီအား ယနေ့နံနက် (၉) နာရီခွဲတွင် တွေ့ဆုံခဲ့သည်ဟုသတင်းရရှိသည်။
ထိုသို့ တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ကျရောက်သောလက်နက်ကြီးကျည်များမှာ ရက္ခိုင့်တပ်တော် (AA)က ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်များဖြစ်ကြောင်း၊ တောင်ပြိုဝဲရဲစခန်းအား မော်တာကျည်များဖြင့် မော်တာကျည်များဖြင့်ပစ်ခတ်ခဲ့ရာ အဆိုပါ မော်တာကျည် (၃)လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း၊အလားတူ စက်တင်ဘာ ၁၆နှင့် ၁၇ ရက်တို့တွင်လည်း BP-၃၄အနီး တောင်ပြိုယာရဲကင်းစခန်းအား မော်တာကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ ၉ လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်နယ်မြေအတွင်း AAအဖွဲ့၏ ခြေကုပ်စခန်းများတည်ရှိသည့် အချက်အလက်များကို ဘင်္ဂလားဒေ့ရှ်ဘက်သို့စက်တင်ဘာ ရရက် ရက်စွဲပါ သံတမန်စာဖြင့် ပေးပို့ပြီ ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကမြေပြင်တွင် စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုခဲ့သည်ဟု သိ၇သည်။
၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားသော စာလွှာအား ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးသို့ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီ ၏ သတင်းစဉ်တစ်ခုတွင် ဖော်ပြထားသည်။