နိရဥ္စရာ၊ စက်တင်ဘာ၂၀/ ၂၀၂၂
၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကုလားတန်မြစ်အတွင်း ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့်စစ်ဇက်ရေယာဉ်သည် ရှေ့ဆက်မတိုးခဲ့ဘဲ ပြန်လည်ဆုတ်ခွာသွားပြီဟု ဒေသခံများကပြောသည်။
ယမန်နေ့က စစ်တွေဘက်မှစစ်ဇက်ရေယာဉ် ၂ စီးတက်လာခြင်းဖြစ်ပြီး AA ၏တိုက်ခိုက်ခံရပြီးနောက် ယနေ့ အရုဏ်ဘက် ၄ နာရီကျော်တွင် တိုက်ခိုက်ခံရသည့်နေရာမှစစ်တွေဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က တက်လာတဲ့ ၂စီးတော့ ပြန်ဆင်းသွားပြီ။ အဲဒီနားမှာ အရင်ရှိနေတဲ့ ၂ စီးကတော့ ရှိနေသေးတယ်”ဟု ပြောသည်။
တိုက်ခိုက်ခံရသည့်ဇက်ရေယာဉ်တွင်
ပလက်၀သို့စစ်ကူပို့မည့်စစ်သား
ယင်းသို့တိုက်ခိုက်ခံ၇မှုကြောင့်
ယခုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက်အဆိုပါဇက်ရေယာဉ်များအပါအဝင် စကခ (၉)မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင်စကခ(၉)ကလည်း ညဉ့် ၁၂ နာရီခန့်အထိ လက်နက်ကြီးများပစ်ခတ်ခဲ့သေးသည်
ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့်နဂရာကျေးရွာပြင်ဘက် ကမ်းနားဘက်ရှိ ဦးထွန်းအေး၏နေအိမ်သို့ မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်ဟု ရွာခံအမျိုးသမီးတစ်ဦးကပြောသည်။
“လူတွေက အိမ်အောက်ထပ်မှာပုန်းနေချိန် အဲဒီလက်နက်ကြီးက မပေါက်ဘဲ ကျလာတာပါ။ လူတွေတော့ထိခိုက်ဒဏ်ရာမ၇ကြဘူး။ အခု အဲဒီလက်နက်ကြီးကို A သုံးလုံး (ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့
လက်ရှိတွင်အဆိုပါဒေသတွင်းအခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
(ဓာတ်ပုံ-ရခိုင်တွင် အသုံးပြုနေသည့် စစ်ကောင်စီ ဇက်ရေယာဉ်တစ်စီး။ ယခုတိုက်ပွဲနှင့်သက်ဆိုင်မှုမရှိပါ။)