နိရဉ္စရာ၊စက်တင်ဘာ ၂၀/၂၀၂၂
၇ခိုင်ပြည်နယ်၊မင်းပြားမြို့မှ ဒေသခံနှစ်ဦးကို စစ်ကောင်စီက ညဉ့်အချိန် အိမ်ထဲသို့ဝင်ရောက်ကာဖမ်းဆီးသွားကြောင်း သိ၇သည်။
ဖမ်းဆီးခံ၇သူများမှာမင်းပြားမြို့ ၊ သပြေညိုရပ်ကွက်နေ ဦးညီညီ (၄၆) နှစ်နှင့် ပြည်တော်သာရပ်ကွက်၊ အောင်သာယာအစုမှဦးမောင်မောင်(၃၀) တို့ဖြစ်ကြသည်။
၎င်းတို့ကို ယနေ့စက်တင်ဘာ (၂၀) နံနက်အစောပိုင်း ညဉ့် နာရီအချိန်တွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။
ဦးညီညီကိုယနေ့ ညဉ့် (၂) နာရီအချိန်တွင် ခမ၇(၃၇၉) မှ စစ်သား (၃၀) ခန့် အိမ်ကိုဝိုင်းကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယောက်ဖဖြစ်သူ ဦးငြိမ်းချမ်းအောင်က ပြောသည်။
"အိမ်မှာအိပ်နေတုန်းအိမ်ကိုလာဖမ်းတာပါ။ လူမှားပြီးဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။ လူကလည်း ကြောက်ကြောက်နဲ့ဆင်းပြေးတော့ဝိုင်းဖမ်းသွားကြတာပါ။ သူတို့ကိုတော့ ဘာမှလုပ်ထားတာ မရှိကြောင်း ပြောပြလိုက်ပါတယ်။ အိမ်မှာတောင်သိပ်နေ၇တာမဟုတ်။ပိုက်ချဖို့ ရေထဲ ဆင်းနေ၇တာပါ။ စုံစမ်းမေးမြန်းပြီးပြန်လွှတ်ပေးမယ်လို့တော့ ပြောပါတယ်"ဟု ပြောသည်။
ဦးမောင်မောင်ကိုလည်းယနေ့ ညဉ့် (၁) နာရီအချိန်တွင် ဖမ်းဆီးသွားကြောင်း၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"မနေ့က၇ နာရီလောက်မှာ မြို့ထဲကို စစ်ကြောင်းလှည့်ကြပါတယ်။မြို့ထဲတွေမှာလည်း စစ်တယ်။ တစ်မြို့လုံးပတ်ပြီး အပြန်မှာ အခုလို ဖမ်းသွားတာပါ။ သူ့အမေနဲ့ အမျိုးသမီးတို့က စစ်တပ်ကို သွားတွေ့တယ် ကြားပါတယ်"ဟုပြောသည်။
မင်းပြားမြို့ထဲကိုညအချိန် စစ်ကြောင်းလှည့်လည်မှုများရှိပြီး နေအိမ်များကိုအကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးမှုများလုပ်ဆောင်နေသည့်အတွက် အပြစ်တစ်စုံတစ်ရာမရှိဘဲ မိမိအိမ်တွင်နေပြီး လုံခြုံမှုမရှိကြောင်း ဒေသခံများကပြောသည်။
စက်တင်ဘာ၁၈ ရက်နေ့တွင် ကျောက်ဖြူမှ ဒေသခံ (၆) ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းသိ၇သည်။
စက်တင်ဘာ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် အောင်မင်္ဂလာရွာတွင် ဒေသခံ ၂ ဦးကို ဖမ်းဆီးခဲ့ပြီးစက်တင်ဘာ ၁၃ ရက်နေ့ကလည်း ဧရာ၀တီတိုင်း ၊ ဟိုင်းကြီးကျွန်းမှ အမျိုးသမီး ၃ ဦးအပါအဝင်၇ခိုင်လူမျိုး ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဒါ့အပြင်ဇူလိုင်လနှင့် သြဂုတ်လတို့မှာလည်း ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊မင်းပြား၊ မောင်တောစသည့်မြို့နယ်တွေက ဒေသခံအများအပြားကို ဖမ်းဆီးခဲ့ပြီး တချို့ကိုပုဒ်မတပ်ကာ တရားစွဲဆိုမှုများရှိသလို တချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ဆေးကုသမှုခံယူနေရသူလည်းရှိသည်။ (NN-7)