ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်စစ်ပွဲ စစ်တွေမြို့ တပ်နယ်အထိ ရိုက်ခတ်လာ၊ တပ်နယ်စျေးကိုပိတ်ပြီး တပ်ထိန်းဂိတ်ကိုလည်း ဖြတ်သန်းခွင့် ယာယီပိတ်ပင်ထားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ စက်တင်ဘာ ၂ဝ/ ၂၀၂၂


ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေသည့် စစ်ပွဲမှာ စ်တွေမြို့တပ်နယ်အထိ ရိုက်ခတ်မှုရှိလာပြီး ယနေ့မွန်းလွဲကစပြီး စစ်တွေတပ်နယ်စျေးကို ပိတ်ထားလိုက်သလို စစ်တွေမြို့အဝင် တပ်ထိန်းဂိတ်ကိုလည်း ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ပင်ထားခဲ့သည်ဟု သိရသည်။


စစ်တွေမြို့အဝင် တပ်နယ်စျေးကို ယနေ့ စက်တင်ဘာလ ၂ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် စတင်ပိတ်လိုက်ရခြင်းဖြစ်သည်ဟု စျေးဆိုင်သည်တစ်ဦးက ပြောသည်။


ဘာကြောင့်ပိတ်တယ်လို့တော့ မပြောဘူး။ ပိတ်ရမယ်လို့ပဲ ပြောလာပါတယ်။ အခုတော့ ဆိုင်ခန်းတွေပိတ်ပြီး ပြန်သွားတဲ့သူတွေလည်း ပြန်သွားကြပြီ။ ရှိတဲ့သူလည်း ရှိနေသေးတယ်ဟု ပြောသည်။


မည်သည့်အချိန် ပြန်ဖွင့်ရမည်ကို လောလောဆယ် မသိရသေးဟုလည်း စျေးသူ၊ စျေးသားများက ပြောသည်။


အဆိုပါစျေးတွင် စားကုန်ဆိုင်၊ အဝတ်အထည်ဆိုင်နှင့် အသုံးအဆောင်ပစ္စည်းအရောင်းဆိုင်စသည့် ဆိုင်ခန်းပေါင်း ၄ဝ ခန့်ရှိပြီး တပ်မိသားစုများ သက်သာချောင်ချိစွာဝယ်ယူစားသုံးနိုင်ရန် ဖွင့်လှစ်ထားသည့်စျေးဖြစ်သည်ဟုလည်း သိရသည်။


အလားတူ စစ်တွေမြို့အဝင် အထွက် အဝေးပြေးလမ်းပေါ် ှိ ကျောက်တန်းစစ်ဆေးရေးဂိတ်နှင့် တပ်ထိန်းဂိတ်တို့ကိုလည်း ယနေ့နံနက် ၁၁ နာရီခွဲခန့်မှစတင်ကာ မည်သူမျှဖြတ်သန်းခွင့်မရတော့ဘဲ ခရီးသည်များ၊ ခရီးသည်တင်ကားများနှင့် ကုန်ကားများကို ပိတ်ဆို့ကာ စစ်ဆေးနေခဲ့ပြီး နေ့လယ်ပိုင်းတွင် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်ပေးခဲ့ည်ဟု ခရီးသည်များးက ပြောသည်။


အဆိုပါဂိတ် ၂ ခုအနက် ကျောက်တန်းဂိတ်ကို ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း တပ်ထိန်းဂိတ်ကိုမူ ဆက်လက်ပိတ်ထားဆဲဖြစ်ကာ ကုန်ကားတချို့ကို အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်ပေးနေသည်ဟု ခရီးသည်တစ်ဦးက ပြောသည်။


တပ်ထိန်းဂိတ်မှာတော့ ကုန်ကားတွေကို ဖြတ်ခွင့်ပေးနေပြီ။ ဆိုင်ကယ်နဲ့ ကားလေးတွေကိုတော့ ဖြတ်ခွင့်မပေးသေးဘူး။ အားလုံးကို စုပြုံစစ်ဆေးနေတယ် ခုလို လုပ်တာက ခရီးကြန့်ကြာမှုဖြစ်စေသလို လူတွေကို အထိတ်တလန့်ဖြစ်အောင်လုပ်တာနဲ့ တူနေပါတယ်ဟု ပြောသည်။


ယင်းသို့ပိတ်ဆို့စစ်ဆေးနေသည့်အတွက် ဆိုင်ကယ်များ၊ ခရီးသည်တင်ကား များအပြားလည်း ၎င်းဂိတ်များတွင် ပိတ်မိနေသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ