Preview

တိုက်ပွဲပြင်းထန်နေသည့် မောင်တောတွင် စစ်ဘေးရှောင် ၁၀၀၀ ခန့်အထိ တိုးလာနေ

စက်တင်ဘာ ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :7554
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၀/၂၀၂၂


မြန်မာစစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA)တို့အကြားတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် မောင်တောဒေသတွင် စစ်ဘေးရှောင်သူဦးရေ ၁၀၀၀နီးပါးအထိ တိုးလာနေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် မောင်တောမြို့ပေါ်ရှိသာသနာ့ဗိမာန်၊ မောင်တောမြို့နယ် အောင်ဗလကျေးရွာနှင့် ရွှေရင်အေးကျေးရွာတို့တွင်ခိုလှုံနေကြခြင်းဖြစ်သည်။

မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်တွင်စက်တင်ဘာလ ၃ ရက်မှစ၍ ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ကြိမ်ချောင်း၊ နံ့သာတောင်၊ မင်္ဂလာညွန့်၊ တောင်ပြို၊ အောင်သပြေ၊ခမောင်းဆိပ်၊ လောင်းဒုံ၊ ရန်အောင်ပြင်၊ သာယာကုန်း၊ မင်းကြီးရွာ၊ အထက်ပြူးမ၊တမန်းသား၊ မင်းခမောင်းနှင့် မီးတိုက်အစရှိသည့် ကျေးရွာ ၁၇ ရွာမှ အိမ်ထောင်စု၂၀၄ စု၊ အမျိုးသား ၂၆၈ ဦးနှင့် အမျိုးသမီး ၃၃၀ ဦး၊ စုစုပေါင်း လူဦးရေ၅၉၈ ဦးတို့ခိုလှုံလျက်ရှိသည်ဟု သာသနာ့ဗိမာန်စစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်များအရေးကို ကူညီပေးနေသူ ဦးမောင်သာဦးက ပြောသည်။

လက်ရှိတွင် ယင်းသာသနာ့ဗိမာန်တွင်လူများလာ၍ ဖားဝပ်ချောင်းနှင့် အောင်မင်္ဂလာကျေးရွာ ၂ ရွာမှ လူဦးရေ ၂၀၀ဦးကို မြို့ပေါ်ရှိ မိုးလုံလေလုံအားကစားခန်းမသို့ အားကစားမှူးခွင့်ပြုချက်ဖြင့်ယမန်နေ့ စက်တင်ဘာလ ၁၉ ရက် ည ရ နာရီခန့်တွင် ယာယီပြောင်းရွှေ့လိုက်ရပြီးအစားအသောက်ကို သာသနာ့ဗိမာန်က ပို့ပေးနေ၇သည်ဟု သူက ဆက်ပြောသည်။

ပုဂ္ဂလိက အဖွဲ့တွေကလာလှူကြတယ်။ လှူတဲ့သူတွေလည်းရံဖန်ရံခါ လာလှူကြတယ်။ လောလောဆယ်တော့ ၇တဲ့အလှူတွေနဲ့ မျှမျှတတစားဝတ်နေရေးကိုဖြေရှင်းနေရတယ်။ ရွာက ထမင်းထုပ်၊ ရပ်ကွက်လိုက်ထမင်းထုပ်၊အပိုင်းလိုက်ကောက်ပြီးတော့ တစ်ပတ်မှာ ၂ ခေါက် ပေး၇တယ်။ လှူဒါန်းလာတာတွေကဖူဖူလုံလုံနဲ့ မပြည့်၀နိုင်သေးဘူးဟုပြောသည်။

ယင်းအပြင် မောင်တောမြို့နယ်အောင်ဗလကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်း ရန်အောင်ပြင်၊မင်္ဂလာညွန့်၊ လောင်းဒုံ၊ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ တောင်ပြို၊အောင်သာယာ၊ မီးတိုက်၊ တရိန်း၊ မင်းကြီးရွာ အစရှိသည့် ကျေးရွာပေါင်း ၁၀ရွာမှ အိမ်ထောင်စု ၅၈ စုနှင့် လူဦးရေ ၂၀၀ ဦးသည် စက်တင်ဘာလ ၂ ရက်မှ ၁၈ရက်အတွင်းထွက်ပြေးခိုလှုံနေထိုင်လျက်ရှိသည်ဟု ကျောင်းထိုင်ဆရာတော် ဦးသုစိတ္တမာလာကနိရဥ္စရာသတင်းဌာနကို မိန့်သည်။

နေရေထိုင်ရေးကတော့ ကန့်သတ်ပြီးတော့နေနေကြ၇တယ်။ ဝါတွင်းလည်း ဝါတွင်းဆိုတော့။ ဦးဇင်းက အများကြီးလည်းလက်မခံဖြစ်ဘူး။ နိုင်သလောက်ပဲလက်ခံထားတယ်ဟုမိန့်သည်။

အဆိုပါ စစ်ဘေးရှောင်များအတွက်လည်းတစ်နပ်လျှင် ၂ သိန်းကျစီ ဈေးဝယ်နေ၇သည့်အပြင် လက်ရှိတွင်အလှူရှင်များနည်းသွား၍ အကူအညီများလိုအပ်နေသည်ဟု ဆရာတော်က ဆက်မိန့်သည်။

ဦးဇင်းတို့ ဆန်တော့လခွဲစာလောက်ကျန်သေးတယ်။ ငွေကြေးပဲလိုတယ်။ မိုးလင်းရင်ဈေးဝယ်ဖို့ တစ်နပ်မှာ ၂ သိန်းကျစီကုန်တယ်။ တစ်နပ်မှာ ဟင်းတွေ၊ငါးတွေဝယ် ဈေးဝယ်၇တာ။ ဆန်၊ ဆီ၊ ဆား မပါသေးဘူး။ တစ်နပ်ကို ဈေးပြုဖို့၂ သိန်းစီသတ်မှတ်ထားတယ်။ အဝတ်အစားတွေလိုတယ်။ ငါးခြောက်တွေလိုတယ်။ဦးဇင်းတို့က ငါးစိမ်းနဲ့ တစ်နပ်ကျွေးတယ်။ ငါးခြောက်နဲ့ တစ်နပ်စီကျွေးတယ်။အာလူးတွေ အဲဒါတွေလိုတယ်။ အလှူရှင်တွေကလည်း နည်းသွားတယ်။ NGO တွေလည်း ပိတ်လိုက်တော့ ရေရှည်မှာတော့ မလွယ်ဘူးဟု မိန့်သည်။

အလားတူရွှေရင်အေးကျေးရွာတွင်လည်း စစ်ဘေးရှောင် ၉၀ ဦးရှိသေးသည်အပြင် ယနေ့တွင်လည်းထပ်တိုးစစ်ဘေးရှောင်များ ရှိနေသေးသည်ဟု သိ၇သည်။

 အလားတူ နောက်ထပ် ရွှေရင်အေးကျေးရွာတွင်လည်း စစ်ဘေးရှောင် အိမ်ထောင်စု၃၁စု၊ ကျား ၃၅ ဦး၊ မ ၅၇ ဦး၊စုစုပေါင်း လူဦးရေ ၉၂ ဦးနှင့် သြဂုတ်လ ၃၀ ရက်က မီးရှို့ခံခဲ့ရသည့်ခမောင်းဆိပ်ကျေးရွာ ဗောဓိအလင်းပ၇ဟိတကျောင်းမှ ဆရာ/မများနှင့်ကျောင်းသား/သူ စုစုပေါင်း ၅၅ ဦးသည်လည်း ရွာသာယာကျေးရွာတွင် ခိုလှုံလျက်ရှိသည့်အပြင်ယနေ့တွင်လည်း ထပ်တိုးစစ်ဘေးရှောင်များ ရှိသေးသည်ဟု သိ၇သည်။

ယင်းအပြင် နီးစပ်ရာကျေးရွာများမှဆွေမျိုးအိမ်များတွင် နေထိုင်သူများပါရှိသည့်အတွက် မောင်တောတွင်စစ်ဘေးရှောင် ၁၀၀၀ နီးပါးအထိ တိုးလာနေခြင်းဖြစ်သည်။

၇ခိုင်တွင် မြန်စစ်တပ်နှင့်AA တို့အကြား၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းမှစ၍ တစ်နှစ်ကျော်အကြာ ရပ်နားခဲ့သည့်စစ်ပွဲများမှာ ယခုနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ စတင်ကာတကျော့ပြန်လည်ဖြစ်ပွားခဲ့သည်။

ယင်းအပြင် ဇူလိုင်လ ၁၈ရက်က မောင်တောမြို့နယ် ဆောင်ပညာရွာနှင့် စံကားပင်ရင်းရွာကြားတွင်တစ်ကြိမ်၊ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာကြားတွင် တစ်ကြိမ်အသီးသီးတိုက်ပွဲဖြစ်ပွားလာခဲ့သည်။

ယင်းသို့တိုက်ပွဲများဖြစ်ပွားလာခဲ့ရာတွင် သြဂုတ်လနောက်ပိုင်းမှစတင်ကာ AA ကစစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများကိုပါ သိမ်းယူမှုများရှိလာသည့်အတွက်စစ်ကောင်စီတပ်က စခန်းပြန်လည်ရရှိရေးအတွက် စစ်၇ဟတ်ယာဉ်များ၊ဂျက်တိုက်လေယာဉ်များဖြင့် အပြင်းအထန်တိုက်ခိုက်ခြင်းများ၊ ကျေးရွာများအနီးသို့ဗုံးကြဲခြင်းများရှိနေ၍ ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာ၇ခြင်းဖြစ်သည်။

(NN-3)

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.