၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကုလားတန်မြစ်အထက်ပိုင်းရှိ နဂရာကျေးရွာထဲသို့ ယနေ့ညနေပိုင်းကစစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၄ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်
ဒဏ်ရာရရှိသွားသူများမှာ အဆိုပါကျေးရွာမှဒေါ်မယဉ်ဦး (၆၅နှစ်)၊ သူမ၏သမီး ဒေါ်ဦးယဉ်သန်း (၄၄ နှစ်)၊ ဒေါ်ဦးယဉ်သန်း၏သားများဖြစ်သော၁၀ တန်းကျောင်းသား မောင်မျိုးနိုင်ဝင်း (၁၈ နှစ်)နှင့် ၆တန်းကျောင်းသား မောင်မင်းဟိန်းစိုး (၁၄ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယနေ့ညနေ ၄နာရီခွဲခန့်တွင် နေအိမ်အတွင်းရှိနေချိန် စကခ(၉) ကင်းစခန်းဘက်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ
“သူတို့က မိသားစုအားလုံးထိုင်စကားပြောနေချိန်မှာ မထင်မှတ်ဘဲ အခုလို ကျရောက်ပေါက်ကွဲခဲ့တာ။အိမ်လည်း နည်းနည်း ပျက်စီးသွားတယ်”ဟုပြောသည်။
ဒဏ်ရာရသူများအနက် ဒေါ်မယဉ်ဦးတွင်ဒဏ်ရာပြင်းပြီး ကျောကုန်းနှင့် ဝမ်းဗိုက်အနီးတွင် ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
အလားတူ ဒေါ်ဦးယဉ်သန်းတွင်ဘယ်ဘက်လက်တံတောင်ဆစ်၊ မောင်မျိုးနိုင်ဝင်းတွင် ဦးခေါင်းနှင့်ကျောကုန်း၊မောင်မင်းဟိန်းစိုးတွင် ဘယ်ဘက်လက်နှင့် ဝမ်းဗိုက်တို့တွင်ဒဏ်ရာအသီးသီးရရှိသွားသည်ဟု သိ၇သည်။
လက်ရှိတွင်ကျောက်တော်သို့ လမ်းပိတ်ထားသည့်အတွက် သူတို့သည် ရွာရှိ သူနာပြုနှင့်ကုသမှုခံယူနေရသည်ဟု ရွာသားများက ပြောသည်။
ဒေါ်ဦးယဉ်သန်း၏အမျိုးသားသည်လက်ရှိတွင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်ဟုလည်
နောက်ထပ်ဒေသခံတစ်ဦးကလည်း လက်နက်ကြီးသည်အဆိုပါနေအိမ်သို့ ၁ လုံးအပြင် ရွာပြင်ဘက်သို့ နောက်ထပ် ၂ လုံးလည်းကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု ပြောသည်။
အဆိုပါနဂရာကျေးရွာသည် စကခ(၉)တပ်နှင့် ကင်းစခန်းအနီးတွင်တည်ရှိပြီး ယခုကျရောက်သည့် လက်နက်ကြီးများ သည်လည်း အဆိုပါတပ်ကပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ရွာသားများက ဆိုသည်။
ယမန်နေ့က စကခ(၉)တပ်အနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက်စစ်ကောင်စီတပ်က အငြိုးဖြင့် ယခုကဲ့သို့ လူနေကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုကြသည်။