၇ခိုင်ပြည်နယ် ကျောက်တော်မြို့ခေါင်းတုတ်ကျေးရွာမှ ကိုယ်ဝန်နေ့စေ့လစေ့အမျိုးသမီး ၁ ဦးသည် လက်နက်ကြီးပစ်ခတ်သံများကြောင့် နှလုံးရပ် သေဆုံးသွားခဲ့သည်ဟု သိ၇သည်။
သေဆုံးသွားသူမှာ ခေါင်းတုတ်ကျေးရွာမှအသက် ၃၁ နှစ်အရွယ် ဒေါ်မယောင်းဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက် ညဉ့် ၁နာရီခန့်တွင် စကခ(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာ
“လက်နက်ကြီးကျည်ထိတာမဟုတ်ဘူး။သူက ကိုယ်ဝန်နေ့စေ့လစေ့ဆိုတော့ လက်နက်တွေ ပစ်ခတ်သံတွေကြားပြီးလန့်ဖြတ်ပြီးတော့ သေသွားတာပါ”ဟုပြောသည်။
လက်ရှိတွင်သေဆုံးသွား၏ရုပ်အလောင်းကို ယနေ့နေ့လယ်တွင် ရွာရှိ သုသာန်တွင်မြေမြှုပ်သင်္ဂြိုလ်လိုက်ပြီဟု သိ၇သည်။
ပလက်၀သို့စစ်ကူပို့မည့်စစ်သား
“ ပစ်တာက ဇက်ရေယာဉ်တွေကရော၊ စကခ(၉)ကရော လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်တွေကို အချိန်တော်တော်များပစ်ခတ်ခဲ့ပါတယ်။ စကခ(၉) ဆိုရင်ဒီနေ့ မနက် ညဉ့်၁ နာရီခန့်အထိလက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီမှာလန့်ဖြတ်ပြီးသေတာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။
ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့်နဂရာကျေးရွာပြင်ဘက် ကမ်းနားဘက်ရှိ ဦးထွန်းအေး၏နေအိမ်သို့ မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်ဟု ရွာခံအမျိုးသမီးတစ်ဦးကပြောသည်။
ယနေ့ ညနေ ၄နာရီခွဲခန့်ကလည်း နဂရာကျေးရွာထဲသို့ စကခ(၉)မှပစ်လိုက်သည့် လက်နက်ကြီးသည်နေအိမ်တစ်လုံးသို့ကျရောက်ပေါက်
ဒဏ်ရာရရှိသွားသူများမှာ အဆိုပါကျေးရွာမှဒေါ်မယဉ်ဦး (၆၅ နှစ်)၊ သူမ၏သမီး ဒေါ်ဦးယဉ်သန်း (၄၂ နှစ်)၊ ဒေါ်ဦးယဉ်သန်း၏သားများဖြစ်သော၁၀ တန်းကျောင်းသား မောင်မျိုးနိုင်ဝင်း (၁၇ နှစ်)နှင့် ၆တန်းကျောင်းသား မောင်မင်းဟိန်းစိုး (၁၃ နှစ်)တို့ဖြစ်ကြသည်။