နိရဉ္စရာ၊စက်တင်ဘာ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တို့ ၂ ဦးကို စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ဆေးမေးမြန်းရန်ခေါ်ယူပြီး ယနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ကိုင်းရှည်ကျေးရွာဥက္ကဋ္ဌကပြောသည်။
၎င်းတို့ ၂ ဦးမှာ ကိုင်းရှည်လူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးမြင့်လှိုင် (၅၃) ၊ ဒုဥက္ကဋ္ဌဦးဇော်မင်းထွန်း( ၄၆) တို့ဖြစ်သည်။
၎င်းတို့နှစ်ဦးကိုမေးမြန်းစစ်ဆေးစရာရှိသည်ဟုဆိုကာ စက်တင်ဘာ ၁၉ ရက်နေ့က စကခ(၅) တပ်မကို ခေါ်.ယူသွားခဲ့ကြောင်း ကိုင်းရှည်ကျေးရွာဥက္ကဋ္ဌလည်းဖြစ်ထိန်းသိမ်းခံထား၇သူ ဦးဇော်မင်းထွန်း၏ အစ်ကိုဖြစ်သူကပြောသည်။
"လူမှုကူညီရေးကနှစ်ယောက်ကိုတော့ မေးမြန်းစစ်ဆေးစရာရှိတယ်ဆိုပြီး လူမှုကူညီရေး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတို့ကို ခေါ်ထားတာရှိပါတယ်။ နှစ်ညအိပ်ရှိပါပြီ။မနက် ၈ နာရီလောက်မှာ သူတို့ သွားတွေ့တာပါ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်လို့ ၊ မစစ်ဆေးရသေးလို့မလွတ်သေးဘူးလို့ သိ၇ပါတယ်" ဟု ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးအနေနှင့်အပြစ်တစ်စုံတစ်ရာလုပ်ထားခြင်း ရှိမရှိနှင့် ခေါ်ယူသွားသည့် အကြောင်းအရင်းကို သူ့အနေနှင့် မသိရှိကြောင်း ကိုင်းရှည်ကျေးရွာဥက္ကဋ္ဌကပြောသည်။
လက်ရှိမှာ၎င်းတို့နှစ်ဦးအား စစ်ဆေးမှုမပြုလုပ်၇သေး၍ စကခ(၅) တွင်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။
"ရဲစခန်းမှာမဟုတ်ပါဘူး။တပ်မှာ ထိန်းသိမ်းထားတယ်လို့ပြောပါတယ်။ တပ်မမှာလို့ သိရပါတယ်။ လက်ရှိ မစစ်ဆေးရသေးလို့စောင့်ဆိုင်းနေ၇တယ်လို့ ပြောပါတယ် ။ သူတို့ကောင်းကောင်းမွန်မွန် ရှိတယ်လို့လည်း သိ၇ပါတယ်"ဟု ပြောသည်။
စက်တင်ဘာလ(၁ရ) ရက်နေ့က တောင်ကုတ်ဒေသခံ ၂ ဦး၊ (၁၈) ရက်နေ့က နောက်ထပ် ၃ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး၎င်းတို့အထဲမှ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိ၇သည်။
တောင်ကုတ်မြို့အနီးစစ်ကောင်စီရေတပ်ဇက်ရေယာဉ်ကို အေအေက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ပြီးနောက် တောင်ကုတ်မြို့တွင် ဒေသခံများအားစစ်ဆေးမှုများပြားနေပြီး နေအိမ်များကိုလည်း ဝင်ရောက်စစ်ဆေးမှုများဆက်တိုက်ရှိနေကြောင်း သိ၇သည်။ (NN-7)