ရာမောင်တံတားနှင့်မြောင်းဘွေတံတားတွင် စစ်ကောင်စီမှအင်အားဖြည့်နေသည့်အတွက် အနီးအနားက ကျေးရွာသားများ ထွက်ပြေးနေကြ


 Breaking News

 

နိရဉ္စရာ၊ စက်တင်ဘာ ၂၁/၂၀၂၂
မင်းပြားမြို့နယ် ရာမောင်တံတားနှင့် မြောက်ဦးမြို့နယ် မြောင်းဘွေတံတားတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ယနေ့ညနေပိုင်း တွင် အင်အားဖြည့်တင်း နေရာယူထားသည့်အတွက် အနီးအနားက ကျေးရွာသားများမှာ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ထွက်ပြေးနေကြသည်ဟု သိရှိရသည်။

ထွက်ပြေးနေကြရသည့် ကျေးရွာသားများမှာ နရမ်း၊ ခေါင်းလောင်းရွာဟောင်း၊ သဲတန်းနှင့် တခြားကျေးရွာများ မှ ရွာသားအများစုမှာ ထွက်နေကြပြီး ရွာတွင်အနည်းစုသာ ကျန်ရှိနေသည်ဟု မင်းပြားမြို့ခံ တစ်ဦးကပြောသည်။

အရင်က ရာမောင်တံတားမှာ စစ်သားကအနည်းနည်းဘဲရှိတာ အခုအဲဒီရာ မောင်တံတားနဲ့ မြောင်းဘွေတံ တားမှာ ဒီနေ့မနက်ပိုင်းက စစ်ကြောင်းထွက်လာတဲ့ စစ်သားတွေ အားဖြည့်နေရာယူထားတဲ့ အတွက် တိုက်ပွဲဖြစ် မလားဆိုပြီး အနီးအနားက ရွာကလူတွေ ကြောက်လို့ထွက်ပြေးနေကြတာ ဟု ပြောသည်။

လက်ရှိအချိန် ရာမောင်တံတားတွင် စစ်ကောင်စီတပ်သား ၆၀ ခန့် ရှိပြီး မြောင်းဘွေတံတားတွင် အင်အားမည်မျှ ရှိသည်ကို အတိအကျ မပြောနိုင်ဟုအဆိုပါ မြို့ခံက ပြောသည်။

ရာမောင်တံတားမှာ အရင်ကတည်းက ဟိုဘက်ဒီဘက် နေရာယူထားတဲ့အခြေအနေပါ။ ဒါပေမဲ့ အခုက အဲဒီမှာ စစ်တပ်က အားဖြည့်ထားတယ်ဆိုတော့ AA ဘက်ကလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ အခြေအနေက စိုးရိမ်ရတဲ့အနေအထားပေါ့ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမင်းပြား မြို့ထဲတွင် အခြေအနေမှာ တည်ငြိမ်နေပြီး စစ်ကောင်စီတပ်ဖွဲ့က လှုပ်ရှားမှုကိုလည်း မတွေ့ ရဟုမင်းပြားမြို့ခံများက ပြောသည်။ (NN-16)

Share: