နိရဉ္စရာ၊စက်တင်ဘာလ ၂၂ /၂၀၂၂
၇ခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ရမ်းဗြဲ၊ မင်းပြားနှင့် မောင်တောမြို့တို့မှ ဒေသခံ အရပ်သား ၅ဦးကို စစ်ကောင်စီ တပ်က ယမန်နေ့စက်တင်ဘာလ ၂၁ ရက်နေ့က ထပ်မံဖမ်း ဆီးခဲ့ကြောင်း သိ၇သည်။
ရမ်းဗြဲ မြို့မှဖမ်းဆီးခံထား၇သူများမှာ အမှတ်(၃) ရပ်ကွက်၊ အင်းတောင်ရပ်နေ ကိုသက်ခန့်ဇော်(ခ)ပုတောင်( ၂၃)နှစ်နှင့် အမှတ်( ၃)ရပ်ကွက်၊ တန်းနားပြင်ရပ်နေ ဦးအောင်ထွန်းလင်း(၄၄)နှစ်တို့ဖြစ် ကြောင်းသိ၇သည်။
ရမ်းဗြဲ မြို့တွင်ယမန်နေ့ညက ရပ်ကွက်တိုင်းတွင် စစ်တပ်နှင့်ရဲပူးပေါင်း၍ ဧည့်စာရင်းစစ်ပြီးလူတချို့ကိုနာမည်နှင့်တကွ ရှာဖွေနေကြောင်း ရမ်းဗြဲ မြို့ခံတစ်ဦးက နိ၇ဉ္စရာ သတင်းဌာနသို့ ပြောသည်။
''မနေ့က ည(၁၁)နာရီလောက် တမြို့လုံး ဧည့်စာရင်းလိုက်စစ်တယ်။ လူတချို့ကို နာမည်အတိအကျနဲ့ လာဖမ်းတာ ပြောတယ်။အခုဖမ်းခံရတဲ့နှစ်ယောက်ကို ရဲနှင့်စစ်တပ် အင်အား ၂၀ ကျော်လောက်ကဝိုင်းဖမ်းတာ။အခုထိ ရဲစခန်းမှာ ဖမ်းထားတုန်းသေး'' ဟုပြောသည်။
ရမ်းဗြဲမြို့က ကိုသက်ဇော်ခန့်နှင့် ဦးအောင်ထွန်းလင်းတို့ကိုဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး မိသားစုများအနေဖြင့် တစ်စုံတစ်ရာ မသိ၇သေးဟု ဆိုသည်။
အလားတူ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှကိုမျိုးမြင့် (၃၈)နှစ်ကိုလည်း ယမန်နေ့ည ရ နာရီခန့်က ရဲနှင့် အရပ်ဝတ်လူတချို့ကဖမ်းဆီး
ကိုမျိုးမြင့်၏ ဇနီးဖြစ်သူမမျိုးမျိုးအိက"ည ရ နာရီလောက်က ရဲတစ်ယောက်နဲ့ အရပ်ဝတ်နဲ့ လူ ၅ ယောက်ဖမ်းခေါ်သွားတာပါ။ ရဲမှာတော့ လက်နက်ပါတယ်။ အရပ်ဝတ်နဲ့လူတွေမှာတော့ နှာခေါင်းစည်းmask တွေကိုယ်စီ တပ်ထားကြပါတယ်။ အိမ်စီးမှန်လုံကားနဲ့ဖမ်းခေါ်သွ
၎င်းပြင် မင်းပြား ရာမောင်း နရမ်းလမ်းဆုံမှာ ကားပြင်ဆရာ၁ ဦးနှင့် နောက်ထပ် အရပ်သားတစ်ဦးကိုလည်း ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံမျက်မြင်တစ်ဦးကပြောသည်။
"မနေ့က ရာမောင်နား နရမ်းလမ်းဆုံမှာ(၃၇၉) ကထွက်တဲ့ စစ်သား ၅၀ ကျော် ဆိုင်ကယ်နဲ့ကားတွေကို စစ်ပြီး မြောက်ဦးဘက် လားလမ်းနားနရမ်းရွာက ၀ပ်ရှော့ဆရာနဲ့ အဲဒီဆိုင်ကိုရောက်တဲ့ နောက်ထပ် တစ်ယောက်ကိုဖမ်းခေါ်သွားပါတယ်" ဟု ၎င်းက ပြောသည်။
၇ခိုင်ပြည်နယ်မြောက်ဦးမြို့မှ သတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ အသက် ၄၀ ခန့်အရွယ်ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းကို စက်တင်ဘာ ၂၀ ရက်က စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှဖမ်းဆီးသွားခဲ့သည်။
သူ့ကိုယနေ့ စက်တင်ဘာလ ၂၀ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ကားတစ်စီးနှင့်ရဲကားတစ်စီးတို့ဖြင့် မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်ရှိသူ၏နေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးကနိရဥ္စရာကိုပြောသည်။
စက်တင်ဘာ ၁၆ရက်နေ့ကလည်း မောင်တောမြို့နယ် အောင်မင်္ဂလာရွာမှ ကိုရဲကျော်သူ(၂၀) နှစ်၊မောင်ထွန်းထွန်းဦး(၃၀) နှစ်တို့ ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးမှုများမှာ တစ်နေ့ထက် တစ်နေ့ထက် တိုးများလာနေပြီးဖမ်းဆီးသူများကို စရဖက စစ်ဆေးရေးလုပ်ရာတွင် ပြင်းပြင်းထန်ထန် နှိပ်စက်မှုများပြုလုပ်နေကြောင်းကြားသိရ၍ အထူးစိုးရိမ်နေကြ၇ကြောင်း ဆွေမျိုးမိသားစများက ပြောသည်။
စက်တင်ဘာ၁၃ ရက်နေ့ကလည်းဧရာ၀တီတိုင်း ၊ ဟိုင်းကြီးကျွန်းမှ အမျိုးသမီး ၃ ဦးအပါအဝင် ၇ခိုင်လူမျိုး ၆ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။