နိရဉ္စရာ၊စက်တင်ဘာ၂၂/၂၀၂၂
၇ခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုဗျူဟာအနီးရက္ခိုင့်တပ်တော်(AA)နှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိ၇သည်။
ယနေ့စက်တင်ဘာ၂၂နံနက်၁၁နာရီ၅၅မိနစ်ကတိုက်ပွဲစတင်ဖြစ်ပွားပြီးလက်ရှိနေ့လယ်၁နာရီအချိန်ထိပြင်းထန်နေဆဲဟုဒေသခံများကပြောသည်။
"ဒီနေ့တောင်ပြိုနားကွမ်းသီးပြင်မူဆလင်ရွာနားမှာတိုက်ပွဲဖြစ်နေတာပါ။၁၁နာရီ၅၅လောက်မှာစဖြစ်ကြတာပါ။အခုထိဖြစ်နေကြပါတယ်"ဟုဒေသခံတစ်ဦးကနေ့လယ် ၁ နာရီကျော်က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့်ကျေးရွာသားများဘေးလွတ်ရာကိုပြေးရှောင်နေကြ၇ကြောင်းကွမ်းသီးပြင်ကျေးရွာသားတစ်ဦးကပြောသည်။
"လက်နက်ကြီးရော၊လက်နက်ငယ်ရောအခုဆိုတစ်နာရီလောက်ရှိပြီဖြစ်တာ။ဆက်တိုက်ပဲပစ်နေကြတာ။ကျနော်တို့ကတော့အခုလွတ်ရာမှာပြေးပုန်းနေ၇ပါတယ်"ဟုပြောသည်။
၎င်းတိုက်ပွဲသည် နေ့လယ် ၂ နာရီခန့် ကျော်တွင် ပြီးဆုံးသွားခဲ့သည်ဟုဒေသခံများက ပြောဆိုသည်။
ယမန်နေ့စက်တင်ဘာ၂၁ရက်ကလည်း ၇သေ့တောင်မြို့နယ်မညင်းတောင်ကျေးရွာအနီးတွင်ရက္ခိုင့်တပ်တော်(AA) နှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။
၇ခိုင်မှာဇူလိုင်လမှစတင်ကာတကျော့ပြန်တိုက်ပွဲများပြန်လည်ပြင်းထန်လာပြီးပလက်၀မြို့နယ်နှင့်မောင်တောမြို့နယ်တို့တွင်စခန်းသိမ်းတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကာစစ်ကောင်စီတပ်သားအများအပြားကျဆုံးပြီးသုံ့ပန်းဖမ်းဆီး၇မိမှု၊လက်နက်ခဲယမ်းများသိမ်းဆည်း၇မိမှုတို့ကို အေအေကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ကလည်းသိမ်းပိုက်ခံထား၇သည့်စခန်းများပြန်လည်ရရှိရေးစစ်၇ဟက်ယာဉ်များ၊ဂျက်တိုက်လေယာဉ်များနှင့်အပြင်းအထန်တိုက်မှုများရှိပြီးရိက္ခာ၊စစ်အင်အားဖြည့်တင်းမှုများဆက်တိုက်ရှိနေကြောင်းသိ၇သည်။(NN-7)