နိရဉ္စရာ၊ စက်တင်ဘာ ၂၂/၂၀၂၂
ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာဘက်သို့ ပြင်းထန်သော သတင်းစကားပေးပို့ခဲ့သည်ဟု Dhaka Tribune တွင် ‘BangladeshArmy sent strong message to Myanmar’ခေါင်းစဉ်ဖြင့် ယနေ့ သတင်းဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး SMShafiuddin Ahmed က ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်တစ်လျှောက် အခြေအနေကို စောင့်ကြည့်နေပြီးငြိမ်းချမ်းမှုရရှိစေရန် နှစ်နိုင်ငံကြား ဆက်သွယ် ဆောင်ရွက်နေကြောင်း ပြောဆိုသည်ဟုသတင်းတွင် ဖော်ပြသည်။
“ ကျွန်တော်တို့ မြန်မာနဲ့ဆက်သွယ်ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကို သတိထားဆောင်ရွက်နေပါတယ်” ဟု ဘင်္ဂလာစစ်ဦးစီးချုပ်က ဗုဒ္ဒဟူးနေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင်ပြောကြားသည်။ သူက ထပ်လောင်းပြီး “ကျွန်တော်တို့ လိုအပ်တဲ့ အချိန်မှာ တုံ့ပြန်ဖို့ အဆင်သင့်ရှိပါတယ်” ဟုလည်း ပြောဆိုသည်။
ဗိုလ်ချုပ်ကြီးShafiuddin က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကာကွယ်ရေးဦးစီးချုပ်ထံဆက်သွယ်ပြီး ပြင်းထန်သောမက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်ဦးစီးချုပ်က ပြောသည်မှာခွဲထွက်ရေးအုပ်စုသည်နယ်စပ်ဒေသတွင် တင်းမာမှုများဖြစ်ရန် ဖန်တီးကြိုးစားနေကြောင်း၊ "သူတို့လုပ်တာမဟုတ်ကြောင်း"တုံ့ပြန်ပြောဆိုသည်ဟု ဆိုသည်။
ဒက္ကားမြို့တွင် ပြုလုပ်ခဲ့သည့် ၎င်းဆွေးနွေးပွဲကို “ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ဘင်္ဂလားဒေ့ရှ် အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ Shirin SharminChoudhury နှင့်သံအမတ်ကြီး Shahidul Huq တို့က တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
အစောပိုင်းတွင်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က ငြိမ်းချမ်းရေးကိုမြတ်နိုးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် နယ်စပ်တင်းမာမှုကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းတွင် ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရးဝန်ကြီးဌာနသည် မြန်မာသံအမတ်ကြီးကို တနင်္ဂနွေနေ့က စတုတ္ထအကြိမ် ဆင့်ခေါပြီးဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆိုရီမြို့နယ်၊ ခေါင်တုံး နယ်စပ်ဒေသတွင် မြန်မာဘက်က သေနတ်ကျည်ဆုံများနှင့် မော်တာကျည်ဆန်များ ကျရောက်ခဲ့ပြီး ဒုက္ခသည်တစ်ဦးသေဆုံးကာအများအပြားဒဏ်ရာ၇သည့် ဖြစ်စဉ်များကို ကန့်ကွက်ခဲ့သည်။
တနင်္လာနေ့ကလည်း မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနသည်ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Manjurul Karim Chowdhury အားဆင့်ခေါ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုနှင့် မော်တာကျည်ဆန်များနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြခဲ့ကြောင်း သတင်းကဆိုသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဗျူဟာမြောက်လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ရက္ခိုင့်တပ်မတော်(AA) နှင့်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (Arsa) တို့ကတပ်မတော်ကို တိုက်ခိုက်စဉ် ၎င်းတို့က ပစ်ခတ်ခဲ့သော မော်တောကျည်ဆံများ ဖြစ်ကြောင်း ပြောကြားသည်။
အေအေကနယ်ခြားစောင့်ရဲ(BGP) ကင်းစခန်းများကိုစက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ တိုက်ခိုက်ခဲ့ပြီး ယင်းကာလအတွင်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း အနည်းဆုံးမော်တာကျည်၁၂ လုံး ကျရောက်ခဲ့သည်။
(ဓာတ်ပုံ- ၎င်းလက်နက်ကြီးကျည်မှာ မြန်မာစစ်တပ်က ပစ်ခတ်သည့်လက်နက်ကြီးကျည်ဖြစ်ကြောင်း ဘင်္ဂလာသတင်းများတွင် ဖော်ပြကြသည်။)