နိရဉ္စရာ၊ စက်တင်ဘာ ၂၃/၂၀၂၂
စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးနှင့် စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့ကူညီများကို ကန့်သတ်ပိတ်ပင်ထား၍မြောက်ဦး မြို့ဦးခေါင်းစစ်ရှောင်စခန်းတွင် ရိက္ခာပြတ်ပြီး ကလေးငယ်များကိုဆန်ပြုတ်တိုက်ကျွေးရသည့်အခြအနေရောက်ရှိနေသည်ဟု သတင်းရရှိသည်။
မြောက်ဦးမြို့မြို့ဦးခေါင်းကျောင်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်း (၁၀၀၀)ခန့်မှာ ရိက္ခာ ပြတ်သွားပြီဖြစ်ကြောင်း၊ ယနေ့က စပြီး ကလေးများကို ဆန်ပြုတ်ကြိုပြီးပေးနေ၇ကြောင်းစခန်းတာခံက ပြောသည်။
“ ကျွန်တော်တို့ကICRC တခုတည်းကအလှူ၇တာပါ။ အခုက ICRC နဲ့တခြား NGO အဖွဲ့တွေကိုလည်းအစိုး၇က လုံး၀သွားလာခွင့်၊ ရိက္ခထောက်ပံ့ခွင့် ပိတ်လိုက်တဲ့အတွက် ရိက္ခာပြတ်သွားတာပါ။မနေ့က စပြီး ကလေးတွေကို ဆန်ပြုတ်ကြိုပြီးပေးနေ၇ပါတယ်” ဟု စခန်းတာဝန်ခံက ပြောသည်။
မြောက်ဦးမြို့တွင်စစ်ကောင်စီတပ်မှ မြို့တွင်းစစ်ရေး လုပ်နေသည့်အတွက် ဘေးတွဲသမားများ အပါအဝင် တစ်မြို့လုံး ဒုက္ခရောက်နေသည့် အနေအထားဖြစ်နေသည့်အတွက်အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကလည်း မဖြစ်နိုင်ဟုလည်း သူကပြောသည်။
ယခုကဲ့သို့စစ်ဘေးရှောင်ဒုက္ခသည်များ ရိက္ခာပြတ်သည့် အနေအထား ရောက်နေသည့်အခြေအနေကို မြောက်ဦးလူငယ်များအစည်းအရုံးကို အကြောင်းကြားထားပြီး နေ့လယ်ပိုင်းတွင် လာရောက်ကြည်ရှုရန် ဆက်သွယ်ထားသည်ဟုဆိုသည်။
စစ်ကောင်စီလူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (လူ၊ကယ်၊ပြန်)မှ ထောက်ပံ့မှုကိုယခုနှစ် မေလတွင် တကြိမ်သာရရှိခဲ့ပြီး နောက်ထပ်လုံး၀ ရောက်ရှိလာခြင်း မရှိကြောင်းလည်းသူကပြောသည်။
ရိက္ခာထောက်ပံ့မှု ရေရှည်ရပ်တန့်သွားများမည်ဆိုပါက အခြေအနေမှာ လုံး၀ထင်မထားသည်များ ဖြစ်လာနိုင် သည်ဟုလည်းအဆိုပါ စခန်းတာဝန်ခံက ယခုကဲ့သို့ ပြောသည်။
“ အခက်အခဲကအများကြီးဖြစ်လာမှာပါ။ တချို့နေရာတွေမှာဆိုရင် ခိုးဆိုးလုယက်မှုတွေတောင် ဖြစ်နေပြီအခု။ဒါတွေကိုလည်း ကျွန်တော်တို့က စိုးရိမ်နေ၇တယ်။ လုံး၀ထင်မထားတာတွေ ဖြစ်သွားနိုင်တယ်”ဟုဆိုသည်။
ရခိုင်ပြည်တွင်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနေသည့် INGOနှင့်NGO အဖွဲ့အစည်းများကို စက်တင်ဘာလ ၁၆ ရက်နေ့မှစပြီးမြို့နယ် (၆) ခု သွားလာခွင့်ကို ၇ခိုင်ပြည် နယ်/လုံ ဝန်ကြီးအမိန်ဖြင့် ပိတ်ထား လိုက်ခြင်းဖြစ်သည်။
အလားတူမြောက်ဦးကို သွားလာနေသည့် ကုန်းလမ်း၊ရေလမ်းများကိုလည်း စစ်ကောင်စီတပ်မှ ပိတ်ထားသည့်အတွက် ဒေသခံများမှာလည်း အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရပြီး ပိတ်ဆို့မှုများ ကြာမြင့်လာသည့်နှင့်အမျှ စားသောက်ရေးအတွက် အခက်ကြုံ၇နိုင်သည်ဟု မြောက်ဦးမြို့ခံများက ပြောသည်။