Preview

စစ်ကောင်စီက ရခိုင်ကလူမှုရေးလှုပ်ရှားတက်ကြွသူများကို အမည်စာရင်းနှင့်တကွလိုက်ဖမ်းနေ၍ တိမ်းရှောင်နေရ

စက်တင်ဘာ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :8080
ရခိုင် သတင်း
နိရဉ္စရာ၊စက်တင်ဘာ၂၃/၂၀၂၂

ရခိုင်ပြည်နယ်အတွင်းတကျော့ပြန်တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီက ၇ခိုင်က အရပ်ဖက်တက်ကြွလှုပ်ရှားသူများကို အမည်စာရင်းနှင့်တကွဝင်ရောက်ဖမ်းဆီးနေသဖြင့် အများအပြားမှာ ရှောင်တိမ်းနေ၇ကြောင်း သတင်းရရှိသည်။

အဆိုပါတိမ်းရှောင်နေ၇သူများမှ မင်းပြားမြို့တွင်လဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်ရောင်းနေသူတစ်ဦးလည်း ပါဝင်သည်။

၎င်းက ''စစ်တပ်ကကျနော်တို့ကိုဖမ်းမယ်ဆိုပြီးပြောနေတာကြာပြီ။ လုပ်ငန်းရှင်တွေ၊အုပ်ချုပ်ရေးမှုးတွေကို အစည်းအဝေးခေါ်တုန်းကလည်းပြောတယ် ဟိုနေ့ကကားဝတ်ရှော့ဆရာကိုဖမ်းတော့ ကျနော့်ကိုလည်းလာဖမ်းတာနဲ့ ရှောင်နေ၇တာ။ ကျီးလန့်စာစားပါပဲ ။ သူတို့လာသံကြားရင် ပြေး၇ပီ။ မိသားစုကိုလည်း ဒီအတိုင်းပစ်ထားခဲ့၇တယ်'' ဟု ၎င်းက ပြောသည်။

စစ်တပ်က လိုက်လံဖမ်းဆီးသဖြင့်ကျောက်ဖြူမြို့တွင်အနည်းဆုံး ၁၅ဦးခန့် တိမ်းရှောင် နေရကြောင်းကို အမည်မဖော်လိုသည့် တိမ်းရှောင်နေ၇သူ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးကနိရဉ္စရာသို့ ပြောသည်။

'' အခုကာလမှာ၇ခိုင်မှာ လူတိုင်းကအေအေနဲ့ဆက်စပ်နေကြတာလေ။ အနည်းအများပဲကွာတယ်။ သူတို့က အေအေနဲ့ဆက်စပ်သူတွေဖမ်းတယ်ဆိုတော့ အကုန်အဖမ်းခံ၇မှာပဲ ဒါကြောင့်ရှောင်တိမ်းနေကြ၇တာ''ဟု နိရဉ္စရာ သို့ပြောသည်။

အမ်းမြို့နယ်မှ ဒေသခံတစ်ဦးကလည်း စစ်တပ်က ဖမ်းမည်ဆို၍ ရှောင်တိမ်းနေ၇ကြောင်းပြောဆိုသည်။

အမ်းမြို့နယ်မှ အခြားတိမ်းရှောင်နေ၇သူတစ်ဦးက''ကျနော့်မိန်းမနဲ့ ၃နှစ်သမီးလေးကိုဒအတိုင်းပစ်ထားခဲ့၇တယ်။ ဒီလိုခေတ်ပျက်ကြီးမှာ ကျနော်လို့ ရှောင်တိမ်းနေရသူတွေရဲ့မိသားစုတွေမှာ စိတ်ဒဏ်ရာကြီးကြီးမားမားကျန်ခဲ့ကြမှာပဲ'' ဟု နိရဉ္စရာ သို့ပြောသည်။

ရမ်းဗြဲမြို့တွင်လည်းစက်တင်ဘာလ ၂၂ ရက်နေ့ ညပိုင်း လူမှုရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုထွန်းထွန်းဦး၊ကိုထင်လင်းခိုင်၊ ကိုထိန်လင်းတို့ကို စစ်တပ်က နာမည်စာရင်းအတိအကျဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်ခဲ့ကြသည်။

အဆိုပါ(၃)ဦးထဲမှ တစ်ဦးက''အဲ့နေ့ကကျနော်တို့ကိုဖမ်းမယ်ကြားလို့ရှောင်နေတာ။ အိမ်က မိသားစုဝင်တွေကိုတော့မှတ်တမ်းယူသွားကြတယ်။ တအိမ်လုံးလည်းမွှေသွားတယ်။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီးဖိနှိပ်နေရင်တော့စစ်တပ်အတွက် ကောင်းမွန်တဲ့၇လဒ် ထွက်လာမှာ မဟုတ်ဘူး''ဟု နိ၇ဉ္စရာသို့ပြောသည်။

စစ်ကောင်စီသည် ရခိုင်က လူမှုရေးလှုပ်ရှားသူများဖြစ်ကြသည့်ကျောက်တော်မြို့မှ ကိုဇော်ဝင်း၊ မြောက်ဦးမြို့မှ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေနှင့်ယခင်သတင်းသမားဟောင်းကိုဖိုးသီဟ၊ တောင်ကုတ်မြို့က ဦးထွန်းချစ်တို့ အပါအဝင် အများအပြားဖမ်းဆီးထားသည်။ ၎င်းပြင် လူမှုရေးလှုပ်ရှားဆောင်ရွက်သူ ပရဟိတသမားကိုအမ်းသားကြီးကားကိုလည်း မြောက်ဦးမြို့ အဝင်တွင် သေနတ်ဖြင့် ပစ်ပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။

စစ်ကောင်စီက စက်တင်ဘာလ(၄ )ရက်နေ့မှ ယနေ့စက်တင်ဘာလ (၂၃ )ရက်နေ့အထိ (၁၉) ရက်အတွင်း ၇ခိုင်ဒေသခံ(၃၅)ဦးထက် မနည်းဖမ်းဆီးထားပြီး အခြားလူအများအပြားကိုလည်း ဖမ်းဆီးရန်ရှာဖွေနေကြောင်းသိ၇သည်။

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ် KNUတပ်မဟာ၅ နယ်မြေရှိ အေအေ စခန်းကို ဇူလိုင် ၄ ရက်နေ့က လေယာဉ်ဖြင့် ဗုံကြဲတိုက်ခိုက်ပြီးနောက်အေအေနှင့် စစ်ကောင်စီအကြားတွင် ဆက်ဆံရေး ပျက်ပြားသွာခဲ့ပြီး တိုက်ပွဲများတကျော့ပြန်ဖြစ်လာခဲ့သည်။

တိုက်ပွဲများ ဖြစ်လာပြီးနောက်စစ်တပ်က ဇူလိုင်လနှင့်သြဂုတ်လအတွင်းမှ စတင်ကာ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊မင်းပြား၊ မောင်တော စသည့်မြို့နယ်များက ဒေသခံအများအပြားကို အေအေဟု စွပ်စွဲကာ ဖမ်းဆီးနေပြီး တချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲဆိုမှုများပြုလုပ်နေသလို တချို့မှာစစ်ကြောရေးတွင် နှိပ်စက်ခံ၇ပြီး ဆေးကုသမှုခံယူနေရသူလည်း ရှိသည်။ 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.