Preview

ကျောက်တော်တွင် အရပ်သားနေအိမ်များကို စစ်ကောင်စီတပ်က ညဉ့်အချိန်ဝင်ရောက်ပစ်ခတ်၊ နေအိမ်၃လုံးနှင့်တည်းခိုခန်းတစ်ခုတို့ထိခိုက်မှုရှိ

စက်တင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :2256
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၂၄/ ၂၀၂၂

 

တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင်းသို့ဝင်ရောက်ပြီး စစ်ကောင်စီတပ်သားများကယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် အစောကြီးညဥ့် ၁ နာရီခွဲခန့်ကသေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်သွားခဲ့သဖြင့် အနည်းဆုံးနေအိမ် ၃ လုံးနှင့် တည်းခိုခန်းတစ်ခုတို့ကိုကျည်များထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ကျည်ဆံများထိမှန်ခဲ့သော အိမ်များမှာ ကျောက်တော်မြို့ (၆)လမ်းမှ ဒေါ်နှင်းမြသာအိမ်နှင့် ဦးထွန်းကျော်အေးတို့၏နေအိမ်၊ ရှမ်းရွာမြို့ပတ်လမ်း တိုးချဲ့ရပ်ကွက်မှဦးစံရွှေတို့ နေအိမ်များနှင့် ၆လမ်း ချောင်းကမ်းနားရှိ သိန်းဆန်းတိုက် (တည်းခိုခန်း)တို့ဖြစ်ကြသည်။

 

အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ညဉ့် ၁ နာရီခွဲလောက်မှာ စစ်သားတွေက ဒေါ်နှင်းမြသာ အိမ်ရှေ့ကနေ သေနတ်တွေပစ်တယ်။ဦးထွန်းကျော်အေးရဲ့ အိမ်ဘေးက လက်နက်တွေနဲ့ အဆက်မပြတ်ပစ်တယ်။ သူတို့က အကြောင်းမဲ့ပစ်ခတ်တာပါ။မြို့ကို ဝင်ပြီးတော့ဟု ပြောသည်။

 

ထိုသို့ ပစ်ခတ်သွားခဲ့သဖြင့်သိန်းဆန်းတည်းခိုခန်းတွင်ဆိုလျှင် အပေါ်ဆုံးအထပ်၏ကြမ်းပြင်ပေါက်ထွက်သွားခဲ့ပြီး အလယ်ထပ်၏ပြတင်းမှန်များလည်း ကွဲအက်ပျက်စီးသွားခဲ့သည်ဟုသွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။

 

၎င်းပြင် ၎င်းတည်းခိုခန်းတွင်တည်းခိုနေသည့်ချင်းပြည်နယ် ပလက်၀မြို့နယ်မှ ကိုစိန်အောင်ဖြူ (၂၈ နှစ်)သည်သူ၏ဝမ်းဗိုက်အနီးတွင် လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိသွားပြီးလက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေ၇သည်ဟု မြို့ခံများက ပြောသည်။


ယမန်နေ့ စက်တင်ဘာလ ၂၃ရက် ည ၁၁ နာရီကျော်မှစတင်ကာ ကျောက်တော်တပ်မဘက်က လက်နက်ကြီးများတောက်လျှောက်ပစ်နေခဲ့သလိုအပေါက်၀ရွာအနီး ၅၃၉ တပ်ကကလည်း လက်နက်ကြီးများ ပစ်ခတ်နေခဲ့ကြောင်း၊ စစ်သားအချို့လည်းကျောက်တော်မြို့ထဲကို ဝင်ရောက်ကာ အကြောင်းမဲ့ ပစ်ခတ်မှုများပြုလုပ်ခဲ့ည်ဟုဒေသခံများက ပြောသည်။


ကျောက်တော်တွင်ယမန်နေ့က တိုက်ပွဲဖြစ်ပွားမှုလည်းမရှိခဲ့ဘဲ ယခုကဲ့သို့ လက်နက်ကြီးများတောက်လျှောက်ပစ်နေခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.