နိရဉ္စရာ၊စက်တင်ဘာ၂၄/၂၀၂၂
၇ခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများမှထွက်ပြေးတိမ်းရှောင်လာကြသည့်စစ်ဘေးရှောင်များကိုအိုင်စီအာရ်စီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့က စားနပ်ရိက္ခာများနှင့် အိမ်သုံးပစ္စည်းများ စက်တင်ဘာ လဆန်းပိုင်းက ထောက်ပံ့ကူညီခဲ့ကြောင်း အိုင်စီအာရ်စီကယနေ့သတင်းထုတ်ပြန်သည်။
ထောက်ပံ့ကူညီခဲ့သည့် ပစ္စည်းများမှာစားနပ်ရိက္ခာများ၊ မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ၊ တာပေါ်လင်များ၊ ရေစစ်အိုးများ၊ ဓာတ်ဆားထုပ်များနှင့် နှာခေါင်းစည်းများကို ပံ့ပိုးခဲ့သည်ဟု ဆိုသည်။
၎င်းပြင် ကျန်းမားရေးအဖွဲ့ကလည်း သွေးလွန်တုပ်ကွေးနှင့် အဖြစ်များသောဖျားနာမှုများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည့်အပြင် အိုင်စီအာရ်စီ၏ အရေးပေါ်လူနာလွှဲပြောင်းခြင်း အထောက်အပံ့များ အကြောင်းကိုလည်း အသိပေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် လက်ရှိ လာရောက်ခိုလှုံနေသည့် မိခင်တစ်ဦးက “ကျွန်မကလေးနဲ့ အတူ ဒီကိုရောက်လာတာပါ၊ စားစရာတွေဘာမှယူမလာနိုင်ဘူး”ဟု ပြောဆိုသည်။
သူမကပင်ထပ်လောင်း၍ “ဒီပစ္စည်းတွေက ကျွန်မတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါ၊ အထူးသဖြင့် ဆန်ပေါ့”ဟု သူက ဆက်ပြောကြောင်း သတင်းတွင်ဖော်ပြသည်။
အိုင်စီအာရ်စီ မောင်တောက အင်ဂျင်နီယာ ကိုဇော်မြင့်က “အခုလို အရေးပေါ်အထောက်အပံ့နှင့်အတူ အသိပညာပေးပွဲကိုပါ တွဲဖက်ထားတဲ့ တုံ့ပြန်ကူညီမှုမျိုးက သူတို့ကျန်းမာရေးအတွက် အရမ်း အရေးပါပါတယ်။ ပြီးတော့ ကျွန်တော်တို့ မိသားစုတွေကို မသန့်ရှင်းတဲ့ရေနဲ့ ရေက တဆင့်ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ရှောင်နိုင်ဖို့အတွက် ရေစစ်အိုးတွေ မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်”ဟု ရှင်းပြခဲ့သည်ဟု ဆိုသည်။
၇ခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ဘက်ပိုင်းဒေသများတွင် တိုက်ပွဲများပြင်းထန်လာသည်အမျှ လူပေါင်း ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ကြကြောင်း၊ အများစုမှာ မိမိတို့၏ ပိုင်ဆိုင်မှုများကို ထားခဲ့ကြ၇ပြီး မောင်တောမြို့တခွင်ရှိ ယာယီခိုလှုံရာနေရာများတွင် လာရောက် ခိုလှုံနေထိုင် နေ၇ကြောင်း၊ထိုသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို အလျှင်အမြန်လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့သည်မောင်တောမြို့နယ်မြောက်ပိုင်းတွင်အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျှက်ရှိနေကြောင်းသိ၇သည်။
(ဓာတ်ပုံ-ICRC)