Preview

ပလက်၀နှမဒါဗျူဟာကုန်းကို အေအေကသိမ်းပိုက်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေ

စက်တင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :7226
ရခိုင် သတင်း

 နိရဉ္စရာ၊စက်တင်ဘာ ၂၄/၂၀၂၂ (သတင်းတင်ချိန် ည ၁၀ နာရီခွဲ)

ချင်းပြည်နယ်၊ပလက်၀မြို့နယ်၊ နှမဒါကျေးရွာအနီး စစ်ကောင်စီ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရန် ယမန်နေ့ နေ့လယ်ပိုင်းကတည်းကတိုက်ခိုက်နေပြီးတိုက်ပွဲမှာ ပြင်းထန်နေကြောင်း ဒေသခံများကတဆင့် သိ၇သည်။

ယနေ့စက်တင်ဘာ ၂၄ ရက် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ည ၉ နာရီ၁၅ မိနစ်အချိန်အထိ  (၆) နာရီကြာ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေကြောင်း၎င်းတို့က ပြောကြားသည်။

"အခုထိကိုတိုက်ပွဲကအခုချိန်ထိ ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ လိပ်ကုန်းကနေ နှမဒါတောင်ကြော တစ်လျှောက်မှာဖြစ်နေတာပါ။ ၃ နာရီခွဲလောက်ကတော့ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်သွားပါတယ်။ ဒီနေ့တော့ တိုက်ပွဲက မိုးလင်းမယ် ထင်တယ်"ဟု ပြောသည်။

နေ့လယ်၃ နာရီခွဲတွင် ဂျက်တိုက်လေယာဉ်တစ်စီးနှင့် တိုက်ပွဲ ဖြစ်ပွားရာနေရာအနီးဝန်းကျင်ကိုလေကြောင်းပစ်ကူမှု ပြုလုပ်ခဲ့ပြီး ခလ၇ (၂၈၉) တပ်ရင်းကလည်း လက်နက်ကြီးများပစ်ကူနေကြောင်း သိ၇သည်။

သြဂုတ်လ၂၅ ရက်နေ့က နှမဒါတပ်စခန်းကုန်းတစ်ခုကို အေအေက သိမ်းပိုက်ထားခဲ့ပြီး  ယနေ့ ဖြစ်ပွားနေသည့်တိုက်ပွဲမှာကျန်ရှိသည့် နှမဒါပွိုင့်စခန်းကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရန် အေအေက တိုက်ခိုက်နေခြင်းဖြစ်ကြောင်းအေအေနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"တိုက်ပွဲကနှမဒါဗျူဟာနားဖြစ်နေတာ။ ပွိုင့်ကုန်းတွေလိုက်သိမ်းနေတယ်လို့ သိ၇ပါတယ်။ အဲ့ဒီဗျူဟာမှာတပ်စခန်းကုန်း ၄ ခုရှိတာ အရင်ကတစ်ခုသိမ်းပြီးထားတာရှိတယ်။ အခုက ကျန်တာတဲ့ ပွိုင့်ကုန်းတွေကိုသိမ်းနေတာပါ"ဟု ပြောသည်။

ပလက်၀မြို့နယ်မှ စစ်ကောင်စီတပ်စခန်း (၈) ခုအထိ အေအေ သိမ်းပိုက်ထားပြီး မောင်တော မြို့နယ်တွင်လည်းစစ်ကောင်စီတပ်စခန်း (၃) ခုကို အေအေက သိမ်းပိုက်ထားကြောင်း သိ၇သည်။

ယင်းအပြင်အေအေက ရိက္ခာများဖြတ်တောက်ထားခြင်း၊ စခန်းကုန်းများကို ဝိုင်းဝန်း ပိတ်ဆို့မှုများကြောင့်စစ်ကောင်စီ၏တပ်စခန်းကုန်းများကို တစ်ခုပြီး တစ်ခု စွန့်ခွာနေ၇သည် ဟု သတင်းများ ရရှိသည်။(NN-7)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.