Preview

မြန်မာဘက်မှ ပစ်ခတ်ခြင်း- သေနတ်ပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံများကြောက်ရွံ့ထိတ်လန့်နေကြရ

စက်တင်ဘာ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :8599
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၂၅/၂၀၂၂

မြန်မာစစ်တပ်က ကျည်ဆံများဘင်္ဂလားဒေ့ရှ်ဘက်သို့ ပစ်ခတ်ခဲ့ရာ နတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးတိုက်နယ် လက်အောက်ရှိတောင်ပြိုနယ်စပ်တွင်နေထိုင်ကြသူများ အထိတ်တလန့် ဖြစ်စေခဲ့သည်ဟု ယနေ့စက်တင်ဘာ ၂၅ ရက်နေ့စွဲဖြင့် Dhaka. Tribune ကသတင်းရေးသား ဖော်ပြသည်။  

သောကြာညတွင် ပြင်းထန်သော ပစ်ခတ်သံများစတင်ခဲ့ပြီး နယ်စပ်အနီးရှိ နေအိမ်များတွင်လည်း အက်ကြောင်းများ ထွက်ပေါ်လာသည်ဟုဒေသခံပြည်သူများက စွပ်စွဲပြောဆိုကြောင်း သတင်းကဆိုသည်။

ခေါင်းတုံးဒေသ ဥက္ကဌ Jahangir Aziz က၎င်းပစ်ခတ်မှုကို ကိုDhaka Tribune ကို အတည်ပြုခဲ့ကြောင်း၊ သို့သော်လည်းဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲတွင် ယခုတကြိမ်ထိခိုက်သေဆုံးမှု မရှိဟု ပြောဆိုကြောင်း ရေးသားဖော်ပြသည်။

စက်တင်ဘာ ၁၆ ရက်က တောင်ပြိုရှိ  ဇီရိုပွိုင့် ဒုက္ခသည်စခန်းတွင်မြန်မာစစ်တပ်မှ ပစ်ခတ်သော မော်တာကျည်ဆန် ကျရောက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် MohammadIqbal အမည်ရှိမြန်မာနိုင်ငံက ဒုက္ခသည် ကလေးငယ်တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

တောင်ပြိုဇီရိုပွိုင့်မှဒုက္ခသည် ခေါင်းဆောင်တစ်ဦးဖြစ်သူက  စနေနေ့ညနေပိုင်း၌ပင် ပစ်ခတ်သံများ ကြားခဲ့၇ကြောင်းDhaka Tribune သို့ ပြောကြားခဲ့သည်။ ပစ်ခတ်မှုတွေအပြင်ပေါက်ကွဲသံတွေ ကြိုကြားကြိုကြားကြားနေ၇တယ်ဟုဆိုသည်။

ဒေသခံကုန်သည် Amir Hamza ကနောက်ဆုံးအကြိမ်ပစ်ခတ်မှုဟာ အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်း ပုံသဏ္ဍာန်နဲ့ အသွင်သဏ္ဌာန် တူနေပါတယ်။နယ်စပ်ခြံစည်းရိုးမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့အားလုံး ပစ်ခတ်သံတွေရပ်တန့်သွားမယ့် အရိပ်အယောင်တွေ မပြနိုင်တာကြောင့် အသက်အန္တရာယ်စိုးရိမ်နေကြ၇ပါတယ်ဟုြောဆိုသည်။

သတင်းရင်းမြစ်များ၏ အဆိုအ၇ စုစုပေါင်းပေါက်ကွဲမှု လေးကြိမ်ကို  နံနက် ၈ နာရီတကြိမ်၊ ညနေ ၅နာရီ ၁၀ မိနစ်တစ်ကြိမ်၊  ညနေ ၅ နာရီ ၂၈ နာရီ တစ်ကြိမ်နှင့် ညနေ ၆ နာရီအထိ ကြားခဲ့၇သည်ဟု တောင်ပြိုဒေသ၏ ဒေသန္တ၇သမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ Dil Mohammad Alam က ပြောသည်။

မြန်မာ ဂျက်တိုက်လေယာဉ်များသည်နယ်စပ်မှတ်တိုင်အမှတ် ၃၄ နှင့် ၃၅ ကြား၌ သောကြာနေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင်ကျည်ဆန် ၁၀ ၁၅ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

စက်တင်ဘာ ၁၈ ရက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို စတုတ္ထအကြိမ်ဆင့်ခေါ်ခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင်ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြခဲ့သည်။

မြန်မာသံအမတ်ကြီးသည်နိုင်ငံခြားရေးဌာနမှ ထွက်ခွာစဉ် သတင်းထောက်များကို မေးမြန်းမှုကို ရှောင်ရှားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် စိုးရသည်မြန်မာနိုင်ငံနှင့် ပြဿနာများကို ငြိမ်းချမ်းစွာ သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးစားနေသော်လည်း လိုအပ်ပါက နယ်စပ်တွင် မော်တာ ပစ်ခတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂထံတိုင်ကြားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal ကပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲကို မြန်မာစစ်တပ်က မော်တာကျည် ၁၂ လုံး ပစ်ခတ်ပြီးပါပြီဟု နောက်ဆုံးနိဂုံးစာပိုဒ်တွင် ရေးသားဖော်ပြထားသည်။(Photo by Dhaka Tribune)

Firing from Myanmar: Fear grips locals as gunshots continue


#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.