Preview

သံတွဲမြို့ အနီး အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

စက်တင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :4124
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၂

 

၇ခိုင်ပြည်နယ်၊သံတွဲမြို့၊ အရှေ့တောင်ဘက်၁၄မိုင်အကွာကို ဗဟိုပြုပြီးယမန်နေ့ ညနေက  ရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်ဟုသတင်းရရှိသည်။

 

၎င်းငလျင်သည် ဂွမြေငလျင်စခန်းမှ မြောက်ဘက် ၄၈မိုင်ခန့်ကွာ သံတွဲမြို့ရှိ အရှေ့တောင်ဘက်၁၄မိုင်ခန့်အကွာကို ဗဟိုပြုပြီးစက်တင်ဘာ ၂၅ရက်၊ ညနေ၆နာရီ ၃၂မိနစ်၊ ၄၉စက္ကန့်အချိန်တွင လှုပ်ခတ်ခဲ့ကြောင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်ထဲတွင် ွမြေငလျင်စခန်းမှမြောက်ဘက် ၄၈မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း သံတွဲမြို့၏ တောင်- အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၈.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၈) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု ဖော်ပြထားသည်။

 

အဆိုပါ ငလျင်နှင့်ပတ်သက်ပြီး သံတွဲဒေသတစ်ဦးက" မနေ့က ငလျင်လှုပ်တာကျွန်တော် မသိလိုက်ဘူး။သိတဲ့သူတွေသိလိုက်ကြတယ်။ငလျင်လှုပ်ပြီးလို့ လူတွေပြောမှသိတယ်။ အနည်းဆိုတော့ အပျက်အစီးတွေတော မရှိပါဘူး"ဟု ပြောသည်။

 

အင်္ဂလိပ်သတင်း- www.narinjara.com

မြန်မာသတင်း- https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ချ်-https://www.facebook.com/narinjara.info/

ရုပ်သံသတင်း-https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း-https://www.facebook.com/Narinjara-Radio-107181441819656

တွစ်တာ-https://twitter.com/NarinjaraN

 

#မြေငလျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.