Preview

မင်းပြားတွင် စစ်တပ်ဇက်ရေယာဉ်နှစ်စီးတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လူနေကျေးရွာများကို အဓိကထားပစ်ခတ်နေ

စက်တင်ဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :2945
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၂

၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ၊ ခေါင်းလောင်းချောင်း ကျေးရွာအနီးတွင် စစ်တပ်ဇက်ရေယာဉ်နှစ်စီးကို အေအေပစ်ခတ်ခဲ့ပြီး  စစ်ကောင်စီတပ်ကလည်း လူနေကျေးရွာများကို ရည်ရွယ်ပြီး လက်နက်ငယ်လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိ၇သည်။

ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် စစ်တွေဘက်မှလာသည့်စစ်တပ်ဇက်ရေယာဉ် နှစ်စီးကို အေအေက လက်နက်ကြီးနှင့်ပစ်ခတ်၍ တစ်စီးမှာထိခိုက်သွားကြောင်းအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

"နေဗီနှစ်စီး စစ်တွေဘက်က လာတာကို မညင်းပြင်နဲ့ ခေါင်းလောင်းချောင်းကြားမှာအေအေက ပစ်လိုက်လို့ နောက်ကအစီးမှာထိသွားပါတယ်"ဟု ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်က အနီးအနားလူနေကျေးရွာများအားအဓိကပစ်မှတ်ထားကာ လေယာဉ်နှင့်ပစ်ခတ်ပြီး ဇက်ရေယာဉ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်းဒေသခံများက ပြောသည်။

"သူတို့မှာက အထက်က လေယာဉ်လည်းပါတော့ အခုနေဗီကရော၊ လေယာဉ်နဲ့ပါ ပစ်နေပါတယ်။အဓိက လူနေရွာတွေကို ကြဲချနေတာပါ။ အခု ရွာသားတွေ ပုန်းနေကြ၇ပါတယ်" ဟု ပြောသည်။

လက်ရှိမှာ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘေးလွတ်ရာတွင်ပုန်းခိုနေရကြောင်းသိ၇သည်။

မြန်မာစစ်တပ်၏ ပစ်ခတ်မှုများကြောင့် ထိခိုက် ၊ ပျက်စီးမှုရှိမရှိကိုမသိ၇သေးပေ။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.