နိရဉ္စရာ၊ စက်တင်ဘာ ၂၆/၂၀၂၂
စစ်ကောင်စီတပ်က ဂိုဏ်းစတားဆန်ဆန်အရပ်ဝတ်များဝတ်ဆင်ကာ ဆိုင်ကယ်များ၊ ကားများဖြင့် တောင်ကုတ်မြို့ထဲကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် သွားဆရာဝန်ဒေါက်တာကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇(၁) ဖြင့်တရားစွဲထားသည်ဟု သိ၇သည်။
လက်ရှိ သွားဆရာဝန်မှာ ကိုဗစ်ရောဂါလည်းကူးစက်ခံထား၇ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးကပြော
အဆိုပါဒေါက်တာကျော်သူ၇ထွန်းကို စက်တင်ဘာ ၅ ရက်နေ့က အမှုဖွင့်ကာ လက်ရှိ တောင်ကုတ်မြို့မရဲစခန်းသို့ ပြော
၄င်းက ''ဒေါက်တာကိုတော့ တောင်ကုတ်မြို့မ ရဲစခန်းကိုပြောင်းထားပါပြီ။ပြီးတော့ ဆေးစစ်ချက်ယူတာမှာ ကိုဗစ် positive တွေ့ထားပါတယ်ဗျ။ခုကတော့ မိသားစုနဲ့တွေ့ခွင့်ရပါပြီ။ ဒဏ်ရာဒဏ်ချက်တွေတော့မပါဘူးဗျ။ စွဲ
ဒေါက်တာကျော်သူ၇ထွန်းကိုစက်တင်ဘာလ( ၆) ရက်နေ့က စစ်တပ်က တောင်ကုတ်မြို့ ဆေးရုံကွက်သစ် (၁)လမ်းထဲမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာကျော်သူရထွန်းဖမ်းဆီးခံ
ယခု မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ခြင်းသည် ရက္ခိုင့်တပ်တော် (အေအေ)နှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် ဖြစ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။
ဒေါက်တာကျော်သူရထွန်းသည်စစ်တွေမြို့ မင်းဂံရပ်ကွက် ဇာတိဖြစ်ပြီး တောင်ကုတ်မြို့တွင် အိမ်ထောင်ကျ
၇ခိုင်ပြည်နယ်တွင် စက်တင်ဘာလ၄ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းဆီးထားသူဦးရေမှာ (၄၀)ဦးနှင့်အထက်ရှိပြီး အများအပြားမှာ တိမ်းရှောင်နေကြ၇သည်ဟု သိ၇သည်။