နိရဥ္စရာ၊စက်တင်ဘာ ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှ ဖမ်းဆီးခံထားရသည့် ကိုရင်ဆို့ (ခေါ်)ကိုကျော်ဇံဝေ(ခ)ကိုဖိုး
သူ့ကို ယမန်နေ့စတင်ဘာလ ၂၇ ရက်တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ကိုရင်ဆို့အား တရားစွဲသူ တရားလို စစ်ကောင်စီအရာရှိမှာ တရားရုံးသို့ရောက်ရှိလာမှုမရှိခြင်းကြောင့် အမှုကိုစစ်ဆေးခြင်းမရှိခဲ့ဟု မိသားဝင်များက ပြောသည်။
တရားလိုမရောက်၍အမှုတစ်စုံတစ်ရာစစ်ဆေးနိုင်ခြင်
သူ၏အစ်မဖြစ်သူ မအိမ်စည်က"သူက ကျန်းမာရေးလည်း ကောင်းပါတယ်။ နေရထိုင်၇တာတွေလည်း အဆင်ပြေပါတယ်လို့ပြောတယ်။ သူ့ဇနီးဖြစ်သူနဲ့လည်း အေးဆေးစကားပြောခွင့်၇ခဲ့တယ်"ဟုပြောသည်။
သူ့အမှုကို လာမည့် အောက်တိုဘာ၄ ရက်သို့ ရုံးချိန်းလိုက်သည်ဟုလည်း သိ၇သည်။
လူမှုကွန်ရက်စာမျက်နှာတွင် ဟာသဗီဒီယိုများနှင့်စစ်ရေး၊ နိုင်ငံရေး အခြေအနေများကိုမျှဝေရင်း လူသိများလာနေသည့်သူ့ကို စစ်သားနှင့်ရဲအင်အား ၂၀ ခန့်က စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်တွင်မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ သူ၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်
လက်ရှိတွင် ရဲလက်ကိုမအပ်ဘဲ မြောက်ဦးအခြေစိုက်တပ်ရင်း (၃ရရ)တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိ၇သည်။
ယင်းနောက် သူ့ကိုနိုင်ငံတော်အေးချမ်းသာယာရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက်ဟု
သူ့ကိုနိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆို