Preview

မနွယ်သန္တာဝင်းအမှုသံသယဖြင့် တရားစွဲခံထားရသူမောင်မျိုးချစ်စိုးကို စစ်တွေရဲစခန်းအချုပ်ကနေ ထောင်ကိုပြောင်း၊ ထောင်ကော်ရန်တင်းဝင်နေရ၍ရုံးမထုတ်ဖြစ်ဟုဆို

စက်တင်ဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :4878
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/၂၀၂၂


၇ခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အသတ်ခံခဲ့၇သည့် မနွယ်သန္တာဝင်းအမှုတွင် သံသယဖြင့် ဖမ်းဆီးတရားစွဲခံထား၇သည့်ကမ်းထောင်းကြီးမြို့ကမောင်မျိုးချစ်စိုးကို ရဲစခန်းအချုပ်က စစ်တွေထောင်သို့ များမကြာမီကပြောင်းရွှေ့လိုက်ပြီး ယနေ့တွင် ရုံးချိန်းရှိသော်လည်း  ထောင် ကော်ရန်တင်းဝင်နေ၇  ယနေ့တွင် ရုံးမထုတ်ခဲ့ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

"ဒီနေ့ ကျွန်မသား ရုံးချိန်းရှိတယ်။ ဒါပေမဲ့ ရုံးထုတ်မပါဘူး။ ထောင်ချုပ်ကစခန်းမှူးက ကော်ရင်တင်းဝင်နေ၇တယ်လို့ပြောပါတယ်။ ကိုဗစ်ဖြစ်တာတော့ မဟုတ်ဘူး။ ထောင်ချုပ်ကိုရောက်ရင် ကော်ရတင်းဝင်၇တယ်လို့ ပြောပါတယ်။ ဝင်တာဘယ်လောက်ကြာနေပြီလဲမသိ၇ဘူး ဘယ်နေ့ပြန်လာ၇မလဲ မသိသေးပါဘူး" ဟု သူမက ပြောသည်။

လက်ရှိတွင် မောင်မျိုးချစ်စိုးမိခင်ဖြစ်သူမှာ နောက်ထပ် ရုံးချိန်းမည်သည့်နေ့ ကျပြီး မည်သည့်နေ့ ပြန်လာ၇မည်ကို မသိ၇သေးသဖြင့် တရားရုံးရှေ့တွင်ထိုင်စောင့်နေသည်ဟု ပြောသည်။

ယခုအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေကို နိ၇ဉ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

စစ်တွေမြို့ မေယုလမ်း၊ ဘောလုံးကွင်းရပ်ကွက်ရှိ ပလပ်စတစ်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်မှ အရောင်းဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း (၁၈ နှစ်)သည် ဝမ်းဗိုက်အတွင်း ဓားထိုးဒဏ်ရာနှင့် လည်ပင်းတွင် ညိုမဲ ဒဏ်ရာများဖြင့် သြဂုတ်လ ၁၅ ရက်နေ့က အဆိုပါဆိုင်ခန်းတွင် အသတ်ခံလိုက်၇ပြီး နောက်တစ်နေ့ သြဂုတ်လ ၁၆ ရက်တွင် ၎င်းဆိုင်နှင့် ဘေးချင်းကပ်ရှိ ဂတ်စ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မောင်မျိုးချစ်စိုးကို ရဲက သံသယဖြင့်ဖမ်းဆီးကာ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သိ၇သည်။

မနွယ်သန္တာဝင်းအသတ်ခံ၇မှုကို ရဲနှင့် ရက္ခိုင့်တပ်တော်(AA)တို့က ကိုင်တွယ်လျက်ရှိစဉ် ပြစ်မှုကျူးလွန်ခဲ့သူမှာ ဆိုင်မန်နေဂျာဖြစ်သူ ကိုမျိုးမြင့်ဇော်ဖြစ်သည်ဟုAA ပြောခွင့်၇သူက သြဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

သူ့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က ဒေသတရားရုံးတစ်ခုတွင် ရက္ခိုင့်တပ်တော်(AA)က ရုံးထုတ်စစ်ဆေးခဲ့သည်ဟုလည်း သိ၇သည်။

မနွယ်သန္တာဝင်းအသတ်ခံ၇မှုကိစ္စကို ကိုယ်တွယ်စုံစမ်းနေ၇သည့် စစ်တွေမြို့မ ရဲစခန်းမှ နယ်ထိန်းရဲ အရာရှိ ရဲအုပ်သိပ္ပံသည်စက်တင်ဘာလ ရက် နာရီခန့်တွင် စစ်တွေမြို့ လမ်းမကြီး ဆေးရုံကြီးအနီးရှိ မီးပွိုင့်တွင် ဆိုင်ကယ် မီးပွိုင့်မိနေချိန် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံသွားသည့် အတွက် ဦးခေါင်း၌ ကျည်ဆံဒဏ်ရာ ချက်ဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့၇သည်။ (NN-13)

 

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.