Preview

ရွာအနီးလက်နက်ကြီးကျည်ကျ၍ မေယုကမ်းပိတောက်မြိုင်ရွာသားများ ရွာလုံးကျွတ်ထွက်ပြေး

စက်တင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :8357
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၂၉/၂၀၂၂

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့၇သည့် ၇သေ့တောင်မြို့နယ်၊ အထက်နန်းရာ စေတီတောင် နယ်ခြားစောင့် စခန်းအနီးရှိ ပိတောက်မြိုင်ရွာပတ်ဝန်းကျင်ကိုညဉ့်အချိန် လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲသဖြင့် ရွာသားများ နီးစပ်ရာကျေးရွာများသို့ထွက်ပြေးခဲ့ကြရသည်ဟု သတင်းရရှိသည်။

ရွာသားတွေ အိပ်နေတဲ့အချိန် ညဉ့် ၁၀ နာရီကျော်လောက်မှာ ကျတာပါ။ ပစ်တာက ရသေ့တောင်တပ်ရင်းတွေကပစ်တာပါ။ လက်နက်ကြီးကျည် ရွာပြင်မှာ ကျရောက်ပေါက်ကွဲတော့ ခြေဦးတည်ရာကို ပြေးကြတာပါပဲ။နီးစပ်ရာရွာတွေကို ရောက်သွားကြပါတယ်ဟု ပြောသည်။

စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီခန့်က ပိတောက်မြိုင်ကျေးရွာတောင်ဘက်တစ်မိုင်ခန့်သာသာ ဝေးသည့် ဘုရားစေတီတောင်တွင် တပ်စွဲထားသည့် နယ်ခြားစောင့်စခန်းကိုရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးများပစ်ခတ်ခဲ့သဖြင့် စခန်းအဆောင်တချို့ မီးလောင်ခဲ့ပြီးစကစတပ်သားအချို့လည်း ထိခိုက်မှုများရှိခဲ့ကြောင်း သိ၇သည်။

၎င်းနောက်ပိုင်း ၇သေ့တောင်အခြေစိုက် ၅၃၆ တပ်ရင်းက အဆိုပါစခန်းကို ကျော်လွန်ပြီး အထက်နန်းရာချောင်းဧရိယာတဝိုက်ကို ညဉ့်လုံးပေါက် လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက်နေ့ ညဉ့် အပြင် စက်တင်ဘာ ၂၈ ရက် ညဉ့်တွင်လည်းရသေ့တောင်မြို့ အခြေစိုက် တပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ ညဉ့်အချိန် ၁၀ နာရီကျော်တွင် ပိတောက်မြိုင်ကျေးရွာအနီးတွင် လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ရွာအနီးဝန်းကျင်မှာကျခဲ့ပေမယ့် အိမ်ထိခိုက်တာ၊ လူထိခိုက်တာတွေတော့မရှိပါဘူး။ ပေါက်ကွဲတဲ့ အသံနဲ့ မြေကြီးကိုကျတဲ့ အသံက အနီးဝန်းကျင်ကို တုန်ခါသွားပါတယ်။ဒါကြောင့် ကြောက်လန့်ပြီး ထွက်ပြေးကြ၇တာပါဟု၎င်းက ဆိုသည်။  

အဆိုပါကျေးရွာသည် ယခင် နအဖ စစ်အစိုးရက တည်ဆောက်ပေးခဲ့သည့်နတလ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၇၀ ခန့်ရှိကာ လူဦးရေ ၃၀၀ ခန့်ရှိကြောင်း၊ လက်ရှိကျေးရွာသားများမှာ ရွာမပြန်ရဲကြသေးဘဲ နီးစပ်ရာကျေးရွာများတွင် နေထိုင်လျက်ရှိနေကြောင်း၎င်းက ပြောကြားသည်။

ထိုသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းအနီးအနားရှိချွတ်ပြင်၊ စေတီပြင်စသည့် ကျေးရွာများတွင်လည်း ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့၇ကြောင်းဒေသခံများက ပြောသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.