Preview

လက်ရှိတိုက်ပွဲများကြောင့် ၇ခိုင်တွင်စိုက်ပျိုးပြီးလယ်ဧက ၅ သောင်းခန့်ဆုံးရှုံးနိုင်ဖွယ်ရှိနေပြီး အထွက်နှုန်းလည်းခါတိုင်းနှစ်ထက် ၃၀ရာခိုင်နှုန်းကျဆင်းဖွယ်ရှိနေဟုဆို

စက်တင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :7115
ရခိုင် သတင်း


နိရဥ္စရာ၊ စက်တင်ဘာ၂၉/၂၀၂၂

လက်ရှိဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲများကြောင့် ၇ခိုင်တွင် စိုက်ပျိုးပြီး စွန့်ပစ်ထားခဲ့၇သည့် ယ်ဧက၅ သောင်းခန့်ရှိနိုင်ပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်များကထက် ၃၀ ရာခိုင်နှုန်းကျဆင်းသွားနိုင်ဖွယ်ရှိနေသည်ဟုရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂမှခန့်မှန်းထားသည်ဟု သိရှိ၇သည်။

စွန့်ပစ်ထားခဲ့၇သည့်လယ်ဧကများမှာ  မောင်တော၊ဘူးသီးတောင်၊ ကျောက်တော်နှင့်  ၇သေ့တောင်မြို့နယ်တို့တွင် ဖြစ်ပြီး ယင်းအနက်ဘူးသီးတောင်နှင့် မောင်တောတွင် အများဆုံးဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဗဟိုအဖွဲ့ဝင်သတင်းနှင့်ပြန်ကြားရေးမှူး ဦးအောင်ကျော်မြက ပြောဆိုသည်။

"လယ်သမားတွေမှာလည်းတိုက်ပွဲမငြိမ်တော့ ပြန်သွားလို့မ၇ဘူးလေ။ တိုက်ပွဲသာငြိမ်သွားရင်တော့ပြုစုစောင့်ရှောက်လို့၇တယ် အခုက တိုက်ပွဲတွေဖြစ်နေတော့စပါးပင်တွေကို ပြုစုပျိုးထောင်ဖို့က မဖြစ်နိုင်တော့ဘူးလေ" ဟု ၎င်းက နိရဥ္စရာကို ပြောသည်။

ယခုခန့်မှန်းထားသော စာရင်းမှာ မြို့နယ်တောင်သူလယ်သမားသမဂ္ဂအလိုက် ကောက်ယူထားသော စာရင်းဖြစ်ကြောင်း၊ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအနေဖြင့် တိုက်ပွဲများကြောင့် ကိုယ်တိုင်စာရင်းဆင်းကောက်ရန် မလွယ်ကူ၍မြို့နယ်အလိုက် စာရင်းများအရ သိ၇ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၇ခိုင်ပြည်နယ်တွင် စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိသော်လည်း လက်ရှိတွင်  ၈ သိန်းကျော်သာ စိုက်ပျိုးနိုင်တော့ကြောင်း၊  ထိုစိုက်ပျိုးမြေထဲက စိုက်ပျိုးထားပြီးသား လယ်မြေဧက အများအပြား နောက်ထပ် ဆုံးရှုံးရဖွယ်ရှိနေသလိုတစ်ဖက်တွင်လည်း ရာသီဥတုဖောက်ပြန်မှု၊ ဓာတ်မြေဩဇာနှင့် စက်သုံးဆီဈေးကြီးမြှင့်မှုတို့ကြောင့်အထွက်နှုန်းလည်းများစွာကျဆင်းသွားနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

စပါးစိုက်၇တဲ့ရာသီမှာ မိုးက အားမရှိဘူး။အဲ့ကြောင့် စပါးတွေမကောင်းနိုင်ဘူး။ စပါးမကောင်းတဲ့ အထဲမှာလည်း ဒီနှစ်ကသွင်းအားစုဖြစ်တဲ့မြေဩဇာကလည်းဈေးကြီးတယ်။ ဓာတ်မြေဩဇာ အလုံအလောက် မသုံးနိုင်တော့ စပါးက အားမကောင်းဘူး။ ပြီးတော့ ဒီဇယ်ဆီကလည်းဈေးကြီးတယ်။ မိုးကလည်းနည်းတော့ ဒီနှစ်စပါးက ၃၀ ရာခိုင်နှုန်း လောက်လျော့ကျသွားနိုင်မလားလို့ ခန့်မှန်းထားတာတွေရှိပါတယ်" ဟုပြောသည်။

၇သေ့တောင်မြို့နယ်က လယ်သမားတစ်ဦးက  ရသေ့တောင်မြို့နယ်မြောက်ဘက်ခြမ်း ကျောက်တန်း တိုက်နယ်ဘက်တွင် တိုက်ပွဲများကြောင့် စိုက်ပျိုးပြီးလယ်မြေတချို့ကိုလယ်သမားများ စွန့်လွတ် ထားခဲ့၇သည်ဟု ဆိုသည်။

၇ခိုင်တွင် ယခုနှစ်အတွင်းဘဏ်ချေးငွေမ၇ခြင်းနှင့်အတူ ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် ထွန်ယက်စိုက်ပျိုးစရိတ်များအလွန်တရာ မြင့်တက်နေသည့်အတွက် လယ်သမားအများအပြားမှာလယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့၇မှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

အလားတူ ချင်းပြည်နယ် ပလက်၀မြို့နယ်တွင်လည်း တိုက်ပွဲများကြောင့် တောင်ယာစပါးစိုက်ဧက အများအပြားကို တောင်သူများအနေဖြင့် စွန့်လွတ်ခဲ့ရဟု သိ၇သည်။

သုတေသန စာရင်းများအရ ၇ခိုင်တွင် တစ်ဧကကို စပါးတင်း ၄၀ ခန့် ပျှမ်းမျှ ထွက်ရှိပြီး ၇ခိုင်ပြည်နယ် တစ်ခုလုံး၏ စိုက်ဧက သည် ၈ သိန်းခွဲရှိသည့်အတွက် စပါးတင်း သိန်း ၄၀၀ ခန့် ထွက်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ထံမှ သိ၇သည်။ (NN -13)



မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.