ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

နောက်ထပ် ရခိုင်မှ တိုက်နယ်ဆရာဝန်တစ်ဦးကို စစ်ကောင်စီထပ်ဖမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

နိရဥ္စရာ၊ စက်တင်ဘာ ၂၉ / ၂ဝ၂၂

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငပသုန်တိုက်နယ်ဆရာဝန် ဒေါက်တာဝင်းနိုင်စိုးကို စစ်တပ်က စက်တင်ဘာ ၂၇ ရက်နေ့က မ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ယခုဖမ်းဆီးမှုသည် စက်တင်ဘာလ( ၆) ရက်နေ့က တောင်ကုတ်မြို့မှ သွားဆရာဝန် ဒေါက်တာကျော်သူရထွန်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီးနောက် ဒုတိယမြောက် ဆရာဝန်တစ်ဦး ရခိုင်တွင် ထပ်မံ ဖမ်းဆီးခံရခြင်းဖြစ်သည်။

မြေပုံမြို့နယ် ငပသုန်တိုက်နယ် ဆေးရုံတွင်အသုံးပြုရန် ဆေးဝါးများသယ်ဆောင်လာသည့် မော်တော်ဘုတ်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် စက်တင်ဘာလ ၂၇ ရက်တွင် ငပသုန်တိုက်နယ် ဆရာဝန် ဒေါက်တာဝင်နိုင်စိုးကို မေးမြန်းစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးထားသည်ဟု သူနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာကိုပြောသည်။

ဆေးသယ်လာတဲ့ ဘုတ်။ အဲဒီဆေးတွေက သူ့ဆေးတွေ။ အဲဒါကို အစိုးရစစ်တပ်ကဖမ်းတယ်။ ဆေးကိုဖမ်းတယ်။ ဖမ်းပြီးတာနဲ့ သူ့ကိုမေးမြန်းစရာရှိတယ်ဆိုပြီးတော့ ခေါ်သွားတာ ၂ရက်ရှိပြီ။ အခုထိ လွှတ်မပေးသေးဘူးဟု ပြောသည်။

အဆိုပါ ဆေးများကိုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်တွေသို့ ဖြေရှင်းရန်သွားစဉ် သူ့ကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ဒေါက်တာဝင်းနိုင်စို ဆေးရုံတွင်အသုံးပြုရန် ဆေးဝါးများ ဖမ်းဆီးခံရပြီးနောက် နောက်တစ်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် မော်တော်တော်ဘုတ်ကို အတူ ပြန်လွှတ်ပေးခဲ့သော်လည်း သူ့ကို ယနေ့အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

ဒေါက်တာဝင်းနိုင်စိုးမှ တိုက်နယ်ဆေးရုံအတွက် ေးဝါးပစ္စည်းများသယ်ဆောင်လာသော မော်တော်ဘုတ်ကို စက်တင်ဘာလ ၂၅ ရက်တွင် စစ်တွေမြို့မှ မြေပုံမြို့နယ်၊ ငပသုန်ရွာသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်တောမြို့နယ်၊ တောင်ဖူးရွာနားအရောက်တွင် စစ်ကောင်စီ၏ ရေတပ်က ခေါ်ယူ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးသဖြင့် စိုးရိမ်စရာဖြစ်နေသည်ုလည်း သူနှင့်နီးစပ်သူများက ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသူ တောင်ကုတ်မြို့မှ ွားဆရာဝန် ဒေါက်တာကျော်သူရထွန်းကို မတရားအသင်းဆက်သွယ်ရေးပုဒ်မ ၁၇(၁) ဖြင့် စက်တင်ဘာ ၂၅ ရက်နေ့က ရားစွဲထားသည်ဟု သိရသည်။

၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာ နေလင်းထွေး (၃၅) နှစ်ကို မြေပုံမြို့ ဆေးရုံဝင်းအတွင်း သူ၏ နေအိမ် အခန်းထဲတွင် သွေးရိုးသားရိုးမဟုတ်ဘဲ သေဆုံး၍ တွေ့ရှိခဲ့သည်။  ၎င်းသေဆုံးမှုအပေါ် စစ်အုပ်စု၏ ပယောဂမကင်းကြောင်း သံသယနှင့် အတူ စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။

ဆက်စပ် သတင်းများ