Preview

ရခိုင်တွင် လက်ရှိကိုဗစ်ကူးစက်ခံ၇သူ ၂၂ ဦးရှိပြီး ၂၀၂၂ ခုနှစ် ၈ လအတွင်း ကိုဗစ်ပိုးတွေ့သူ ၉၁၈ ဦးရှိခဲ့ပြီး ယင်းအနက် ၂ ဦးသေဆုံးခဲ့ဟုဆို

စက်တင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :10576
ရခိုင် သတင်း
နိရဥ္စရာ၊ စက်တင်ဘာ ၂၉ / ၂၀၂၂

လက်ရှိ ၇ခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံထား၇သူ ၂၂ ဦးရှိပြီး ၎င်းတို့ကို မြို့နယ် ၆ခု ဆေးရုံများတွင် ဆေးကုသမှုခံယူနေ၇သည်ဟု သိ၇သည်။

၎င်းတို့မှာ စစ်တွေဆေးရုံ၌   ဦး၊ ကျောက်တော်ဆေးရုံ၌ ဦး၊ မောင်တောဆေးရုံ၌ ဦး၊ ကျောက်ဖြူဆေးရုံ၌ ဦး၊ တောင်ကုတ်ဆေးရုံ၌ ဦးနှင့် ဂွဆေးရုံ၌ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြသည်။

 ၇ခိုင်ပြည်နယ်တွင် ဇန်နဝါရီလ ၂၈ ရက်မှ စက်တင်ဘာလ ၂၈ ရက်အထိ () လအတွင်း ကိုဗစ်ပိုးတွေ့သူ ၉၁၈ ဦးရှိခဲ့သည့်အနက် ဦးသေဆုံးသွားခဲ့ကြောင်း၊ ၎င်းတို့ နှစ်ဦးမှာ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ တစ်ဦးစီဖြစ်သည်ဟု ၇ခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ရေးလှုပ်ရှားနေသူတစ်ဦးကကိုဗစ်က လုံး၀ ပျောက်သွားတဲ့ရောဂါတော့ မဟုတ်သေးဘူး။ စစ်ရင်တွေ့မှာပဲ။ ကူးစက်မှုတွေလည်း ရှိနေဦးမှာပဲ။ လူထုအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးပြီး ကိုဗစ်စည်းကမ်းတွေနဲ့အညီ နေထိုင်သွားလာလှုပ်ရှားနေကြဖို့ပဲ အရေးကြီးပါတယ်ဟု ပြောသည်။

ယခုစာရင်းများသည် ဇန်နဝါရီလ ၂၈ ရက်မှ စက်တင်ဘာလ ၂၈ ရက်အထိ ကောက်ခံထားသည့် စာရင်းများဖြစ်သည်ဟုလည်း သိ၇သည်။

၇ခိုင်တွင် ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့်ပြန်လာသည့် လှေလုပ်သားများတွင်လည်း လက်ရှိအချိန်အထိ ကိုဗစ်ပိုးများတွေ့နေ၇ပြီး မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုးဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း သိ၇သည်။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.