Preview

မြောက်ဦးမြို့ထဲတွင် မိုင်းထိ၍ လူငယ်တစ်ဦး ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားကာ အခြေအနေစိုးရိမ်ရ

စက်တင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :10571
ရခိုင် သတင်း
နိရဉ္စရာ၊စက်တင်ဘာ ၂၉/၂၀၂၂

၇ခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ထဲတွင် စစ်တပ်ကထောင်ထားသည့် မိုင်းကို လူငယ်တစ်ဦးနင်းမိရာက ခြေထောက်နှစ်ဖက် ပြတ်ထွက်သွားပြီး ၎င်းလူငယ်၏ အခြေအနေ စိုးရိမ်၇သည်ဟု မျက်မြင်များကဆိုသည်။

ဖြစ်စဉ်မှာယနေ့ စက်တင်ဘာ  ၂၉ ရက် ညနေ ၃ နာရီခွဲတွင် ကျောက်ရစ်ကေခွဆုံ၊မြင်ခုံတန်း ကန်ဘောင်နားရှေ့ မြို့တံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကိုမျက်မြင်တစ်ဦးက " လမ်းဘေးတောင်စောင်းထက်က မိုင်းနင်းမိပြီး လမ်းပေါ်ကို သူဟာလွင့်စဉ်ကျလာတယ်။ ပြီးတော့ခြေထောက်အသားစတွေဟာ လမ်းမထက်မှာ ပြန့်ကြဲသွားတယ်။ အဲ့လောက်ထိဖြစ်သွားတာပါ"ဟု ပြောသည်။

လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသူမှာ မြောက်ဦးမြို့သစ်ရပ်ကွက်က ဦးထွန်းရွှေ၏သား ကိုသန်းနိုင်ကျော်(၂၀) ဖြစ်ပြီး မြင်းခုံတန်းကန်ဘောင်နားရှိသာလီစွကားဝက်ရှော့ဆိုင်မှ တပည့်ဖြစ်ကြောင်း သိ၇သည်။

လက်ရှိတွင်၎င်းကို မြောက်ဦးဆေးရုံကို ပို့ဆောင်ကုသလျှက်ရှိပြီး အခြေအနေကို သွားရောက် ကြည့်ရှုခွင့်မရ၍ လက်ရှိအခြေအနေကို မသိနိုင်သေးကြောင်းဒေသခံတစ်ဦးက ပြောသည်။

"လက်ရှိအချိန်မှာဆေးရုံကို ဘယ်သူမှသွားလို့မရပါဘူး။ ရဲ့နဲ့စစ်သားတွေဝိုင်းအုံနေပါတယ်။ ဆေးရုံ၀မှာလည်းစစ်ဆေးနေပါတယ်။ သူတို့ စစ်တပ်က ထောင်တဲ့ မိုင်းပါ"ဟု ၎င်းက ပြောသည်။

စက်တင်ဘာ၁၁ ရက်နေ့က  မင်းပြားမြို့နယ်၊ သမင်ခြေရာကျေးရွာမှဒေသခံတစ်ဦး မိုင်းနင်းမိကာ ခြေထောက် နှစ်ဘက်လုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုင်းပေါက်ကွဲမှု ထိခိုက်ဒဏ်ရာရရှိသူများ ဆက်တိုက်ရှိခဲ့ပြီး၇ခိုင်မှာ ယခုနှစ်၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ရ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့်လူ ၇ ဦးသေဆုံးပြီး ၂၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)  စာရင်းတွေအရ သိ၇သည်။

ရခိုင်တွင်မိုင်းပေါက်ကွဲမှုများမကြာခဏရှိနေပြီး ထိခိုက်သေဆုံးမှုများရှိနေ၍ စစ်တပ်တပ်စွဲထားသည့်နေရာအနီးဝန်းကျင်နှင့် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများကို သွားလာခြင်းမပြုလုပ်ကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) က သတိပေး ပြောဆိုထားသည်။ (NN-7)

#မြေမြုပ်မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.