Preview

မြောက်ဦးမောင်းဆွဲကျေးရွာထဲ လက်နက်ကြီးကျည်ကျရာမှကလေးငယ် ၂ဦးဒဏ်ရာရ၊ ဆေးကုသခွင့်မရဖြစ်နေ

စက်တင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :8011
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၂၉/၂၀၂၂

မြောက်ဦးမြို့နယ်မောင်းဆွဲကျေးရွာတွင် လက်နက်ကြီးထိမှန်၍ ကလေးငယ် ဦးဒဏ်ရာ ရရှိထားသော်လည်း ဆေးကုသခွင့်မရဘဲ ဖြစ်နေကြောင်းသိ၇သည်။

ယနေ့စက်တင်ဘာ ၂၉ နေ့လယ် ၂ နာရီကျော်တွင် မြောက်ဦးအခြေစိုက် တပ်ရင်း ၃ရ၇ နှင့် ၃၇၈တို့မောင်းဆွဲရွာ အနီးဝန်းကျင်ကို က်နက်ကြီးပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းအထဲက လက်နက်ကြီးကျည်တစ်လုံးသည်  ဦးရွှေစိန်လှ၏ နေအိမ်သို့ထိမှန်ကျရောက်ခဲ့ပြီး  နေအိမ်ပျက်စီးသွားခဲ့သလို  ဦးရွှေစိန်လှ၏ (၁၃) နှစ် နှင့် (၄) နှစ်အရွယ် သမီးနှစ်ဦးလည်း  ထိခိုက် ဒဏ်ရာရရှိသွားကြောင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကလေးနှစ်ဦးကို မြောက်ဦးဆေးရုံသို့ အရေးပေါ်ကားနှင့် ဆေးကုသနိုင်ရန် စီစဉ်သော်လည်း မြောက်ဦး အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့က မောင်းဆွဲကျေးရွာဘက်သို့ ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် လက်ရှိမှာ ရပ်ရွာအတွင်းရှိအိမ်တွင်းဆေးဝါးများဖြင့်သာ ကုသထား၇သည်ဟု ၎င်းက ပြောသည်။

"၂နာရီကျော်မှာ ရွာထဲကို လက်နက်ကြီးကျတာပါ။ အိမ်မှာ လက်နက်ကြီးကျပြီး အိမ်လည်းပြိုတယ်။ကလေး နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ပါဘူး။ မြောက်ဦးဆေးရုံကိုနာရေးကားနဲ့ ယူဖို ပြောဆိုထားပေမယ့် စစ်တပ်ကယူ၇လို့အခုထိ ဆေးကုခွင့် မရဘဲ ဟင်းခင်းထဲမှာပဲ ဆေးတိုဝါးစလေးနဲ့ ကုထား၇ပါတယ်"ဟု ပြောသည်။

ယနေ့ နေ့လယ်ကစစ်တပ်သွားနေကျ  မောင်းဆွဲဘက်သို့ ွားလမ်းတွင် အေအေကမိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အတွက် မြန်မာစစ်သားနှစ်ယောက်သေဆုံးသည်ဟု ကြားသိ၇ကြောင်း၊  သို့အတွက် မောင်းဆွဲရွာ အပါအဝင်အနီးအနားရှိ လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု သိ၇ကြောင်း ၎င်းက ပြောဆိုသည်။

နောက်ထပ် မောင်းဆွဲ ဒေသခံတစ်ဦးက "အခုထိ လက်နက်ကြီးပစ်နေတာ ရ လုံးလောက်ရှိပါပြီ။အခု အဲ့ဒီရွာနားကို ဘယ်သူ့ကိုမှ ဖြတ်သွားခွင့်မပြုဘူးလို့ပြောတယ်။ မောင်းဆွဲရွာကနေမြောက်ဦးမှာ ကျောင်းတက်တဲ့ကလေးတွေရှိပါတယ်။ကျောင်းဆင်းလို့ ကလေးတွေ ပြန်တာကိုတောင် တပ်ရင်း ၃ရ၇နဲ့ ၃၇၈ကအဲ့ဒီရွာတွေဘက်ကို လုံး၀ဖြတ်သွားခွင့်မပြုဆိုပြီး မပြန်၇ဘဲ တားထားတယ်လို့ ပြောပါတယ်"ဟု ပြောသည်။

 မြောက်ဦးအခြေစိုက်တပ်ရင်းများဖြစ်သည့်တပ်ရင်း ၃ရ၇နှင့်  ၃၇၈ တပ်ရင်းများမှ လက်ရှိ ညနေ ၆နာရီကျော်အထိ မောင်းဆွဲကျေးရွာဘက်သို့လက်နက်ကြီးပစ်ခတ်နေသဖြင့်  ထိခိုက်ပျက်စီးမှုများ ထပ်မံရှိလာမည်ကို  ဒေသခံများက စိုးရိမ်မိကြောင်း ပြောသည်။ (NN-7

 

--

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.