Preview

စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်နှင့် အဆောက်အအုံ ၃၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP အဖွဲ့ထုတ်ပြန်

စက်တင်ဘာ ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :10165
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၂

 

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကြောင့်   ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ယခုလစက်တင်ဘာ( ၁၅) ရက်နေ့ အထိ နိုင်ငံအဝန်းရှိ နေအိမ်၊ အဆောက်အအုံ(ဘာသာရေးအဆောက်အအုံများအပါအဝင်)  ၃၆,၂၀၉ လုံး ကို မီးရှို့ဖျက်ဆီးခံခဲ့သည်ဟုInstitute for Strategy and Policy -Myanmar အဖွဲ့က စက်တင်ဘာလ (၂၉) ရက်နေ့ကထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ပြည်နယ်နှင့်တိုင်း(၁၁)ခု မှ နေအိမ်နှင့်အဆောက်အအုံ့ (၃၆,၂၀၉ ) လုံး ဖျက်ဆီးခံ၇ပြီး စစ်ကိုင်းတိုင်းတွင် (၂၅,၃ရရ)လုံးအထိဖျက်ဆီးခံ၇ပြီး တစ်နိုင်ငံလုံး အရေအတွက်၏(၇၀)ရာခိုင်နှုန်းအထိရှိကြောင်းဖော်ပြထားသည်။

 

ISP-Myanmar ၏စာရင်းများအ၇ စစ်ကိုင်းတိုင်းတွင် (၂၅၃ရ၇)လုံး၊ မကွေးတိုင်းတွင် (၈၁၁၉)လုံး၊ချင်းပြည်နယ်တွင် (၁၁၇၅) လုံး၊ ကယားပြည်နယ်တွင် (၄၃၈) လုံး ၊ကချင်ပြည်နယ်တွင်(၄၀၅)လုံး၊ရှမ်းပြည်နယ်တွင် (၂၆၂)လုံး ၊မွန်ပြည်နယ်တွင် (၁၅၉)လုံး၊ မန္တလေးတိုင်းတွင် (၁၁၁)လုံး၊တနင်္သါရီတိုင်းတွင် ၁၀၁လုံး၊ ကရင်ပြည်နယ်တွင်( ၃၃)လုံး၊ပဲခူးတိုင်းတွင်( ၂၉)လုံး စုစုပေါင်း (၃၆၂၀၉) လုံးအထိရှိကြောင်းသိ၇သည်။

 

ထိုနေအိမ်၊ အဆောက်အအုံများသည် တိုက်ပွဲဖြစ်ပွားနေစဉ် မီးရှို့ခံရခြင်း၊တိုက်ပွဲများအကြား လက်နက်ကြီးကျည်များ ကျရောက်ခြင်းနှင့်  စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဝင်ရောက်စီးနင်းပြီးမီးရှို့ခဲ့မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းများ ဖြစ်ကြောင်း၊ နေအိမ်နှင့်အဆောက်အအုံမီးရှို့ခံ၇မှုသည် ၂၀၂၂ ခုနှစ် မေလတွင် အဆင့်မြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊စစ်အာဏာသိမ်းမှုအပြီး မီးရှို့ခံ၇သော နေအိမ်၊ အဆောက်အအုံစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်းနီးပါးသည် မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

 

၎င်းအချက်အလက်များသည် လွတ်လပ်သောမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ထုတ်ပြန်ချက်များအပေါ် အခြေပြု၍  IPS Myanmar မှ လက်လှမ်းမီသလောက်စုစည်းထားခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်းဖြင့်လည်းဖော်ပြထားသည်။

 

 Institute for Strategy and Policy -Myanmar သည် ပဋိပက္ခ၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့နိုင်ငံရေး ဘောဂဗေဒ ဆိုင်ရာများကို လေ့လာသုတေသနပြုနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

 Institute for Strategy and Policy -Myanmar က ဦးဆောငပြုလုပ်သည့်''ယောမင်းကြီးဇရပ်''ဆွေးနွေးပွဲများတွင်စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးနယ်ပယ်မှ ထူးချွန်ထင်ရှားသူများစွာ ပါဝင် ဆွေးနွေးခဲ့ပြီး လူအများစောင့်ကြည့်၇သည် အစီအစဥ်တစ်ခုဖြစ်ခဲ့သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.