- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ /၂၀၂၂
ရခိုင်ပြည်နယ်
ကျောက်တော်မြို့နယ် ခေါင်းတုတ်(ရခိုင်)ကျေးရွာသား ၁ ဦးကို စစ်ကောင်စီတပ်က
နေအိမ်သို့ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ
ခေါင်းတုတ်(ရခိုင်)ကျေးရွာမှ ဦးစိုးမောင် (၃၄ နှစ်)ဖြစ်သည်။
သူ့ကို ယမန်နေ့
စက်တင်ဘာလ ၂၉ ရက် ညနေ ၄ နာရီခန့်တွင် ကျောက်တော်ရှိ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာ
“အိမ်ထဲကို
ခြံတံခါးပေါက်ကို ခြေနဲ့ကန်ပြီးဝင်လာပြီး ဖမ်းသွားတာ”ဟု ပြောသည်။
စတင်ဖမ်းဆီးစဉ်က
ဦးစိုးမောင်အပါအဝင် ၃ ဦးကို ဖမ်းဆီးခြင်းဖြစ်သော်လည်း နောက်ထပ် ၂ ဦးကို
ပြန်လွှတ်ပေးခဲ့သည်ဟု ရွာသားများက ပြောသည်။
ဦးစိုးမောင်ကိုမူ
မည်သည့်အတွက်ဖမ်းဆီးသွားသည်ကို မသိရသေးဟုလည်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
“ခေါင်းတုတ်(ရခိုင်)ရွာကို မနေ့က
စစ်သားတွေဝင်စစ်ဆေးပါတယ်။ အဲဒီမှာ သူက နေမကောင်းတော့ အိမ်ပေါ်မှာ စောင်ချုံပြီး
အိပ်နေတာကို ဖမ်းသွားတာပါ”ဟု
ပြောသည်။
ဖမ်းဆီးခံရသည့်
ဦးစိုးမောင်သည် ခေါင်းတုတ်ကျေးရွာတွင် မိသားစုနှင့်အတူ
ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်သည်
ယမန်နေ့တွင် ခေါင်းတုတ်(မူဆလင်)ကျေးရွာမှ
မူဆလင် ၃ ဦးကိုလည်း စကခ(၉)က ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း
ယင်းသတင်းမှာ မဟုတ်မှန်ဟု ခေါင်းတုတ်(ရခိုင်)ကျေးရွာသားမျ