- Web Master
- ၀၁ ဒီဇင်ဘာ ၂၀၂၃
နိရဥ္စရာ၊ စက်တင်ဘာ
၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊
အမ်းမြို့နယ်၊ လောင်းရာပြင်ရွာမှ မှိုသွားရှာသည့် ကျေးရွာသား ၉ ဦးကို စစ်ကောင်စီတပ်က နေရာ ၂ ခုမှ ၅ ဦး တစ်အုပ်စု၊ ၄ ဦးတစ်အုပ်စု သီးခြားစီဖမ်းဆီးခဲ့ပြီး ဒုတိယအုပ်စုထဲက ၄ ဦးကို ၇ နာရီကြာ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ပထမအဖမ်းခံရသူ ၅ ဦးကို ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။
ဆက်လက် ဖမ်းဆီးခံရသူများမှာ ကိုဝင်းမင်းအာင်(၂၃
နှစ်)၊ ကိုဝင်းမြင့် (၃၂ နှစ်)၊ ဦးမောင်လုံးချို (၄၃ နှစ်)၊ ကိုညီသန်းချေ
(၃၃ နှစ်)နှင့် ကိုမောင်မောင်စိုး(၂၆ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ယမန်နေ့
စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် လောင်းရာပြင်ရွာမှ
စက်လှေဖြင့် မိနစ် ၅၀ ခန့်သွားရသည့် တော ၃ဝ အမည်ရှိတောင်သို့
မှိုရှာသွားစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ၅
ဦးကို ရေမသိမ်ဆိပ်ကမ်းအနီး ချောင်းနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး
မည်သည့်အတွက် ဖမ်းဆီးသွားသည်ကိုလည်းမသိရဘဲ ယခုအချိန်ထိ မိသားစုနှင့်လည်း
အဆက်အသွယ်မရဟု သိရသည်။
နောက်ထပ်
မှိုသွားရှာသည့် လောင်းရာပြင်ရွာသား ၄ ဦးကိုလည်း ညောင်ချောင်းဆိပ်ကမ်းအနီး ယမန်နေ့
နံနက် ၈ နာရီခန့်တွင်
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ဖမ်းဆီးခေါ်ဆောင် မေးမြန်းပြီး နေ့လယ်
၃ နာရီကျော်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သူတို့နှင့်နီးစပ်သူတစ်ဦးက
နိရဥ္စရာကို ပြောသည်။
"မင်းတို့ (AA)ကိုသိတယ်မလား။
မင်းတို့ (AA)ကို
ရိက္ခာတွေထောက်ပံ့တယ်မလား။ (AA)ဘယ်မှာလဲဆိုတာသိတယ်မလားပြော
ထို ၄
ဦးမှာ (AA)နှင့်ပတ်သက်မှုမရှိကြောင်း
ငြင်းဆိုခဲ့ပြီး မိမိတို့ မိသားစုစားဝတ်နေရေးအတွက်
တစ်ရက်စာတစ်ရက် ရှာဖွေစားသောက်နေရသူများဖြစ်သည်
လောင်းရာပြင်မှ ရွာသားများမှာ
ရေလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင်စားသောက် ကြပြီး တော ၃ဝ တောင်ဘက်သို့လည်း
စက်လှေဖြင့် မှိုရှာသွားလေ့ရှိသည်ဟု သိရသည်။ (NN-13)
(ဓာတ်ပုံ- မြေပုံမြို့နယ် စညင်းစစ်ဘေးရှောင်စခန်းကို စစ်သားများ ဝင်ရောက်စစ်ဆေးနေပုံဖြသည်။ ဓာတ်ပုံဟောင်း)