သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးတွင်မိုင်းနင်းမိသည့်လူငယ် မိုင်းဒဏ်ရာဖြင့် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

နိရဉ္စရာ၊ စက်တင်ဘာ ၃၀

စစ်တပ်ကထောင်ထားသည့် မိုင်းကို နင်းမိ၍ ဒဏ်ရာအပြင်းအထန် ရသွားသူ ြောက်ဦးမြို့မှ ကိုသန်းနိုင်ကျော် အသက်( ၂၀) နှစ်သည် ယမန်နေ့ ညကတည်းက သေဆုံးသွားပြီဟု သိရသည်။

၎င်းသည် ယမန်နေ့ စက်တင်ဘာ ၂၉ ရက်နေ့က မြောက်ဦးမြို့ ကျောက်ရစ်ကေ ခွဆုံ မြင်းခုံတန်း ကန်ဘောင် မြို့တံတားအနီးတွင် စစ်တပ်ကထောင်ထားသည့် မိုင်းကို နင်မိခဲ့ပြီး ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်သွာကာ ပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရပြီးနောက် ၎င်းအား မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံရောက်ပြီးနောက်   (၁၁) နာရီခန့်က မြောက်ဦးဆေးရုံတွင်ကွယ်လွန်သွားကြောင်းသိရသည်။

၎င်းမိုင်းသည် ဒေသခံပြည်သူများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ စစ်တပ်ကထောင်ထားသည့် မိုင်းဖြစ်ကြောင်း မိုင်းပေါက်ကွဲရာအနီးသို့ သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

  ပြည်သူတွေမှာတော့ သူတို့ (စစ်တပ်) နဲ့ ပြိုင်ပြီး ပြောနိုင်တဲ့ အားတော့ မရှိဘူးပေါ့။ သူတို့ ထောင်ထားတယ်ဆိုတာကို တစ်မြို့လုံးသိတယ်။ မဟုတ်ဘူးဆိုရင် မိုင်းကျွမ်းကျင်သူတွေကို ခေါ်ပြီးပြကြည့်။ ဘယ်သူထောင်တဲ့ မိုင်းဆိုတာ အဖြေပေါ်လိမ့်မယ်။ အပြစ်မရှိဘဲ ဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေနေရာက လုပ်တဲ့သူတွေ ကိုယ်ချင်းစာစဉ်းစားကြည့်ကြပါဟု ၎င်းက ပြောဆိုသည်။ 

ကိုသန်းနိုင်ကျော်၏ ရုပ်အလောင်းကို ယနေ့ နေလည် ( ၁ )နာရီတွင် သင်္ဂြိုလ်ခဲ့သည်ဟု မြောက်ဦး ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

'' မနေ့ည ၁၁နာရီလောက်မှာဆုံးသွားပါတယ်။ ဒီနေ့ နေ့လည် ၁နာရီ သင်္ဂြိုလ်လိုက်ပါတယ်''ဟု နိရဉ္စရာ သို့ပြောသည်။

သြဂုတ်လ နှင့် စက်တင်ဘာလအတွင်း မိုင်းပေါက်ကွဲမှု ထိခိုက်ဒဏ်ရာ ရရှိသူများ ဆက်တိုက်ရှိခဲ့ပြီး ရခိုင်မှာ ယခုနှစ်၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း မိုင်းပေါက်ကွဲမှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၂ဝ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC) စာရင်းတွေအရ သိရသည်။

ဆက်စပ် သတင်းများ