Preview

ရသေ့တောင်မြို့နယ်မြောက်ပိုင်း ဆောက်ခပ်ရွာရှိ တပ်စခန်းမှ ရေထွက်ခပ်သည့်စစ်သား၅ ဦးကို အေအေကစနိုက်ဘာဖြင့်ပစ်ခတ်၍ ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ

စက်တင်ဘာ ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :3352
ရခိုင် သတင်း

နိရဉ္စရာ၊စက်တင်ဘာ ၃၀/၂၀၂၂

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ဆောက်ခပ်ကျေးရွာတွင် တပ်စွဲထားသည့် စကစ စခန်းမှ ရေထွက်ခပ်သည့် စစ်ကောင်စီတပ်သား၅ ဦးကို က္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များကကင်းပုန်းဝပ်ကာ စနိုက်ဘာဖြင့် ပစ်ခတ်သဖြင့် စ်သား၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိသွားကြောင်းအေအေနှင့်နီးစပ်သည့်ခိုင်လုံသည့် သတင်းရင်းမြစ်အ၇ သိ၇သည်။  

ဖြစ်စဉ်မှာယနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၃ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး ဆောက်ခပ်ရွာ ဘုန်းကြီးကျောင်းအနီးရှိ ကန်ထဲ ရေဆင်းခပ်သည့်  စစ်ကောင်စီတပ်သား၅ ဦးကို အေအေက ကင်းပုန်းဝပ်ကာ နိုက်ဘာနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။  

"စစ်သား ၅ ယောကမှာ တစ်ယောက်ဘဲ ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်။ ၄ ယောက်က ပွဲချင်းပြီးသေတယ်။ သူတို့ဘက်ကလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ် အဲဒီမှာအခဲမကျေတဲ့ စကစဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာ"ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက်ဆောက်ခပ်စခန်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သလို ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်း ၅၃၆ နှင့် ၅၃၇ တို့က ဆောက်ခပ်ရွာပတ်ဝန်းကျင်ကို  တစ်နာရီ နီးပါး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း သိ၇သည်။

အိမ်ခြေ ၇၀ ကျော်ခန့်ရှိသည့် ဆောက်ခပ်ကျေးရွာအနီးဝန်းကျင်တွင် ၂၀၁၉-၂၀၂၀ ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးယင်းနောက်ပိုင်း စစ်တပ်က ဝင်ရောက်တပ်စွဲထားသဖြင့်ရွာသားများမှာ ရွာကို စွန့်ခွာသွားခဲ့ကြပြီးရသေ့တောင်မြို့ပေါ်စခန်းများနှင့် စေတီပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသည်ဟုသိ၇သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ဆောက်ခပ်ဘက်ကလက်နက်ကြီးသံ၊ လက်နက်ငယ်သံ တွေကို ဒီနေ့ ညနေပိုင်းမှာတော်တော်ကြားလိုက်ရတယ်။လက်နက်ငယ်သံတွေ ကြားလိုက်၇ပေမယ့် တစ်ဖက်သတ် ပစ်တာမျိုးဘဲထင်တယ်။ လက်နက်ကြီး ပစ်တာကလည်း အလုံး လေးငါးဆယ်လောက်တောင်ရှိမယ်ထင်တယ်။စ်နာရီနီးပါး ပစ်ခဲ့တအဲသလိုလက်နက်ကြီး အများကြီးပစ်ရင် စစ်တပ်ဘက်က အထိနာနေပြီဆိုကိုဒေသခံတွေက နားလည် သဘောပေါက် ထားကြတယ်လေ"ဟု ပြောသည်။

ယနေ့ ည ၈ နာရီအချိန်ထိ ရသေ့တောင် အခြေစိုက် စကစတပ်ရင်း ၅၃၆နှင့် ၅၃၇ တို့မှ ဆောက်ခပ်ရွာ အနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီဘက်ကအကျအဆုံးရှိ၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေး၍ နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA)သည်လက်ရှိ အချိန်တွင် စစ်ကောင်စီတပ်နှင့် ၇ခိုင်ပြည်နယ် မြို့နယ် အချို့နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများသို့  ရိက္ခာများသယ်ယူမှုကိုလည်း ဖြတ်တောက်ပိတ်ဆို့မှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ထားသဖြင့် စကစ စခန်းအများစုတွင်ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေရသည်ဟု သတင်းရရှိသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.