Preview

၇ခိုင်နှင့်ပလက်၀တွင် ၂ လနီးပါးအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေး၇သူ ၁၇၄၀၀ ထိရှိ ပြီး အဓိကကျသည့် သယ်ယူပို့ဆောင်ရေးလမ်းများကန့်သတ်ထားသဖြင့် လူသားချင်းစာနာမှု အကူအညီများ မရောက်ရှိဖြစ်နေ

အောက်တိုဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :6320
ရခိုင် သတင်း
နိရဉ္စရာ၊အောက်တိုဘာ/ ၂၀၂၂

၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်၍ စက်တင်ဘာလ၂၇ ရက်နေ့အထိ မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်  (AA) တို့အကြားဖြစ်ပွားနေသည့်ိုက်ပွဲများကြောင့် အသစ်ထွက်ပြေးလာသူ ၁၇,၄၀၀ကျော်ရှိပြီး ယခင်နှင့် လက်ရှိထွက်ပြေးလာသူ စုစုပေါင်း စစ်ဘေးရှောင်အတွက်မှာ၉၁,၀၀၀ကျော်အထိ ရှိလာခဲ့ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိ၇ကြောင်း လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA) က စက်တင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။

ြန်မာ့တပ်မတော် (MAF) နှင့်ရက္ခိုင့်တပ်မတော် (AA) တို့အကြား ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် တောင်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိကြောင်း၊ သြဂုတ်လမှစတင်၍စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၎င်းတိုက်ပွဲများကြောင့်အသစ်ထွက်ပြေးလာသူ ၁၇,၄၀၀ ကျော်ရှိပြီး ယခင်နှင့် လက်ရှိ တိုက်ပွဲများမှ ထွက်ပြေးလာသူ  စုစုပေါင်း ၉၁,၀၀၀ကျော်အထိ ရှိလာခဲ့သည်ဟု  ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိ၇ကြောင်း၊  အထူးသဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊မင်းပြား၊ ဘူးသီးတောင်၊ ၇သေ့တောင်၊ မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းပလက်၀မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသည်ဟု  သတင်းရရှိကြောင်း ဖော်ပြထားသည်။

၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင် အဓိကကျသည့်  ကုန်းလမ်း ရေလမ်းများကို ပိတ်ဆို့ထားပြီး အရပ်သားများ သွားလာမှုကိုလည်း ကန့်သတ်ထားပြီး လိုအပ်နေသည့် လူများဆီကို လူသားချင်းစာနာသည့်  အကူအညီများ မရောက်ရှိအောင် တားဆီးထားသည်ဟုလည်း ဖော်ပြထားသည်။

ဘူးသီးတောင်၊မောင်တော၊ ၇သေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ကုလသမဂ္ဂနှင့် INGOအဖွဲ့အစည်းများမှအကူအညီများ ပေးအပ်ခြင်းအပေါ် ကန့်သတ်ချက်များ ချမှတ်ပြီးနောက် စက်တင်ဘာလ ၁၅ရက်နေ့မှ စတင်ကာ ရပ်ဆိုင်းထား၇ကြောင်း  စားနပ်ရိက္ခာ၊အမိုးအကာနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ ပြတ်လပ်နေကြောင်း၊ ရခိုင်ပြည်နယ်မြို့တော် ရန်ကုန်နှင့် စစ်တွေကြား အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွင်နှောင့်နှေးမှုများ ဖြစ်ပေါ်နေပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုနှင့်ကယ်ဆယ်ရေးပစ္စည်းများ သွားလာမှုအပေါ် သက်ရောက်မှုရှိစေသည်ဟု ဆိုသည်။

အထူးသဖြင့် စားနပ်ရိက္ခာ၊အမိုးအကာ၊ စားသုံးကုန် မဟုတ်သောပစ္စည်း နှင့် ကျန်းမာရေး ဆိုင်ရာပစ္စည်းများအတွက် ပြတ်လပ်မှုကိုဖြေရှင်းရန်အတွက် ဘေးကင်းသော၊ အတားအဆီးမရှိ ဝင်ရောက်နိုင်မှုနှင့်ထပ်လောင်းရန်ပုံငွေများ အရေးတကြီး လိုအပ်ပါနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ူသားချင်းစာနာထောက်ထားမှုဆိုင်ရာကန့်သတ်ချက်အသစ်များကို ရုတ်သိမ်းရေးဆွေးနွေးညှိနှိုင်းရန်အတွက် ရခိုင်ပြည်နယ်အဆင့်တွင် စည်းရုံးရေး ကြိုးပမ်းမှုများလုပ်ဆောင်နေသည်ဟုလည်း ဖော်ပြထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.