နိရဥ္စရာ၊ အောက်တိုဘာ ၁/၂၀၂၂
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်၇ခိုင်လူမျိုး ၆၀၀၀ ကျော်ခန့်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၌ ခိုလှုံခွင့် လျှောက်ထားရာ ၃၀ ဦးခန့် အသိအမှတ်ပြုခံထား၇သည်ဟု မလေးရှားရှိ Centerfor Arakan Refugees(CAR)အဖွဲ့နာယကဆရာတော် ဦးဥတ္တ၇က မိန့်ကြားသည်။
ဦးဥတ္တ၇က'' စုစုပေါင်း ၆ထောင်ကျော်အထိ ရှိနေပြီ။ ဒုက္ခသည် အသိအမှတ်ပြု ကဒ်၇ထားတာ ၂ လလောက်အတွင်းမှာ ၃၀လောက်၇ထားပါပြီ။ သူတို့က တတိယနိုင်ငံ တခုခုကို သွားရောက်ခွင့်၇မှာ ဖြစ်ပြီးအလျှောက်များတာကတော့ အမေရိကန်၊ ကနေဒါနဲ့သြစတေးလျကို အလျှောက်များတယ်” ဟု မိန့်သည်။
၇ခိုင်ဒုက္ခသည်များအဖွဲ့(CAR)ကို ဖွဲ့စည်းပြီး(၂)လအတွင်း ၃၀ ဦးခန့် အသိအမှတ်ပြုခံထားရသဖြင့် နောက်လူများအတွက်လည်း ကြိုးစားဆောင်ရွက်သွားမည်ဟုဆိုသည်။
အသိအမှတ်ပြုခံ၇သည့် လူငယ် တစ်ဦးက “ UNHCR မှာ ဒုက္ခသည်အဖြစ် လျှောက်ထားတာသုံးနှစ်ကျော် လေးနှစ်နီးပါးရှိနေပါပြီ။ မရတော့ဘူးလို့ ထင်ထားတာ။ ဟိုတစ်နေ့ ရက်ချိန်းပေးတော့သွားတွေ့တာ အသိအမှတ်ပြု ကဒ်ထုတ်ပေးလိုက်ပါတယ်။ ခုလို မထင်မှတ်တဲ့ အချိန်မှာ အသိအမှတ်ပြုခံ၇တော့ဝမ်းသာပါတယ်”ဟု ပြောကြားသည်။
Center for Arakan Refugees(CAR)အဖွဲ့နာယက ဆရာတော် ဦးဥတ္တ၇က မလေးရှားသို့ ရွေ့ပြောင်းဒုက္ခသည်များလာကြရာတွင် ပွဲစားများ၏လိမ်လည်ခေါင်းပုံ ဖြတ်မှုများရှိနေသဖြင့် မလေးရှားတွင်ဒုက္ခရောက်နေကြ၇သည့် ၇ခိုင်လူမျိုး အများအပြားရှိနေသဖြင့်အတတ်နိုင်ဆုံး တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့် နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ရန် သွားရောက်မှုကိုရှောင်ရှားစေလိုသည်ဟု ပြောသည်။
''ရဲအဖမ်းအဆီးခံကြရတယ်။အလုပ်ရှင်တွေက လုပ်ခမပေးဘဲ ခေါင်းပုံဖြတ်တာ ခံ၇တယ်။ အထူးသဖြင့်ကျန်းမာရေး။ ဘာထောက်အထားမှမရှိကြတဲ့အတွက် ဘယ်ဆေးရုံ ဆေးခန်းကမှ လက်မခံကြဘူး။ရောက်တဲ့သူက ရောက်နေပြီးပြီ။ ဒီဒုက္ခတွေကို ဒီမှာခံနေကြ၇တယ်။ ဒါကြောင့်ဒီဒုက္ခတွေက လွတ်မြောက်အောင် အထောက်အကူဖြစ်လိုဖြစ်ငြား UNHCR အကူအညီ၇အောင်ဦးဇင်းတို့က ကူညီပေးနေတာပါ''ဟု ဆက်ပြောသည်။
၇ခိုင်ဒုက္ခသည်များအဖွဲ့ဗဟိုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မလေးရှားရောက်ရခိုင်ရွေ့ပြောင်းလုပ်သားများကို
ရခိုင်အမျိုးသားအများအပြားသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်လာရောက်ကြရာတွင် အခက်အခဲအများအပြားနှင့် ရင်ဆိုင်ခဲ့ကြရသလို ပြည်ထဲပြန်ဝင်ရန်လည်း မဖြစ်နိုင်တော့သည့်နောက်ပိုင်း ဘ၀လုံခြုံမှုမရှိရာမှ UNHCR တွင် ဒုက္ခသည်အဖြစ်လျှောက်ပြီး တတိယနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရှိ၇သည်။ ( NN-16)
(Photo credit to UNHCR in Malaysia)