Preview

လက်နက်ကြီးကျည်ကျ၍ ကျောက်တော်တောင်းပိုင်းမှ ကျေးရွာအချို့တွင် နွားများသေဆုံး

အောက်တိုဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :3635
ရခိုင် သတင်း
နိရဉ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၂

ကျောက်တော်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း အမှတ် (၅၃၉)မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လူနေကျေးရွာများနှင့် အနီးဝန်းကျင်သို့ကျရောက် ပေါက်ကွဲမှုများရှိ၍နွားများသေဆုံးမှုရှိကြောင်း သိ၇သည်။

ယနေ့ နံနက်က ပစ်ခတ်မှုအတွင်း ကျောက်တော်မြို့နယ် ရွက်ညိုးတောင်ရွာမှဒေါ်ဝင်းလှစိန်တွင် နွားမတစ်ကောင်သေဆုံးပြီး ဒေဝန်းရွာက ဦးမောင်ကျန်အောင်တွင် နွားထီးတစ်ကောင်သေဆုံးသွားခဲ့သည်ဟု သိ၇သည်။

ဒေသခံ တစ်ဦးကဦးမောင်ကျန်အောင်နွားက တစ်ခါတည်းလည်ပင်းပြတ်ပါသွားပါတယ်။  ပွဲချင်းပီးသေပါတယ်။ချည်ထားတဲ့ နွားတွေပါ။ လူတွေက ရွာကနေ ထွက်ပြေးသွားခဲ့ကြပြီ ဖြစ်တဲ့ အတွက် အထိအခိုက်မရှိတာပါ။နွားတွေက ချည်ထားတော့ လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားတာပါဟု ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်ကစပြီး ၁၀ နာရီကျော်ထိ အတွဲလိုက်လက်နက်ကြီးကျည် ၃၀ ခန့်ပစ်ခတ်ခဲ့ပြီး အဓိက ရွက်ညိုးတောင်နှင့် ချောင်းတူရွာကို ဆက်သွယ်ထားသည့်လမ်းတစ်လျှောက်ကို ဦးတည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ရွာညိုးတောင်ရွာထဲကို ၅၃၉ မှ ပစ်ခတ်တဲ့  လက်နက်ကြီးကျည် လေးလုံးကျပြီး တစ်လုံးက  ရွာထဲရှိ အုန်းပင်ပေါ် ကျပြီး အုန်းပင် ပြတ်ထွက်သွားပါတယ်။စစ်တပ်ကပစ်တဲ့နေရာကို သိပါတယ်။ သူတို့ မြေပုံအညွှန်းနဲ့ အကွာအဝေး၊ ဒီဂရီတွေနဲ့ ချိန်ပြီးပစ်တာပါ။ရမ်းသန်းပစ်ခတ်တာမဟုတ်ပါဘူး။ ရွာတွေထဲကို တမင်ရည်ရွယ်ပြီးပစ်နေတာပါ၎င်းကပြောသည်။

ပြည်သူလူထုနှင့် တိုင်းပြည်ရန်စွယ်ကိုကာကွယ်နေသောတပ်မတော်ဟုပြောဆိုပြီး အခြားတစ်ဖက်တွင် လူနေကျေးရွာများထဲ တမင်ချိန်ရွယ်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်မှာ အပြောတမျိုး၊ အလုပ်တမျိုးဖြစ်နေ၍ စစ်ကောင်စီတပ်ကို ပြည်သူများအနေဖြင့် လုံး၀ အယုံအကြည်မရှိဟု၎င်းကဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်သည့်၇ခိုင်အမျိုးသားပါတီကလည်း စက်တင်ဘာ ၂၉ ရက်နေ့ သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး၎င်းထုတ်ပြန်ချက်အထဲတွင်  မြန်မာ့တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတို့နှင့်လူနေအိမ်များ ပျက်စီးဆုံးရှုံးဖြစ်ပေါ်မှုတို့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချ ကန့်ကွက်သည်ဟု ဖော်ပြထားသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.