Preview

တောင်ကုတ်မှ အရပ်သား ၂ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးခေါ်ဆောင်သွား

အောက်တိုဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :9332
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၁ /၂၀၂၂

၇ခိုင်ပြည်နယ်တောင်ကုတ်မြို့ မှ အရပ်သား  ၂ ဦးကို စစ်ကောင်စီတပ်က ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးသွားခဲ့သည်ဟု သိ၇သည်။

ဖမ်းဆီးခံ၇သူများမှာ တောင်ကုတ်မြို့ဂူတာရပ်ကွက်၊ အေးရိပ်ငြိမ်(၃)လမ်းသွယ်မှ ကိုအောင်ချေ (၃၃ နှစ်)နှင့်ကိုအောင်မြသိန်း (၃၀ နှစ်)တို့ဖြစ်သည်။

ယမန်နေ့ စက်တင်ဘာလ၃၀ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်၊ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ရပ်ကွက်မှလူကြီး ၄ ဦး၊ စုစုပေါင်း အင်အား ၃၀ တို့ကရပ်ကွက်အတွင်း မှတ်ပုံတင်နှင့် ဧည့်စာရင်းလာရောက်စစ်ဆေးစဉ် သူတို့ ၂ ဦးကိုနေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့ခံတစ်ဦးကသူတို့က ဒီမှာမိသားစုလိုက် ပြောင်းပြီး နေတာကြာပြီ။ ကျောက်တော်၊ မြောက်ဦးဘက်တို့ကထင်တယ်။မှတ်ပုံတင်က တကန(နိုင်)တော့ မဟုတ်ဘူး။ ဒီမှာက မှတ်ပုံတင်တွေကိုတင်းတင်းကျပ်ကျပ်စစ်နေတာတွေရှိတယ်လေဟု ပြောသည်။

လက်ရှိတွင် သူတို့ ၂ဦးကို မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိ၇သေးဟုလည်း ဒေသခံများက ပြောသည်။

တောင်ကုတ်မြို့မရဲစခန်းနှင့်ဂူတာရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မ၇ခဲ့ပါ။

ဖမ်းဆီးခံရသူများအနက်ကိုအောင်ချေသည် ဈေးရောင်းချသူဖြစ်ပြီး ဇနီးအပါအဝင် သား ၁ ဦးနှင့် သမီး ၁ဦးရှိသည်ဟု သိ၇သည်။

ကိုအောင်မြသိန်းသည်ထော်လာဂျီယာဉ်မောင်းဖြစ်ပြီး ဇနီးနှင့် သမီး ၁ ဦးရှိသည်ဟု သိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.