Preview

ဂွမြို့နယ်တွင် လူသတ်ပြီးဖုန်းနှင့်ငွေလုယူမှုဖြစ်ပွား

အောက်တိုဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :1090
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁ /၂၀၂၂

၇ခိုင်ပြည်နယ်ဂွမြို့အနီးတွင် လူသတ်ပြီး ပါလာသည့်ဖုန်းကို လုယူသွားမှုတစ်ခု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု သိ၇သည်။

အသတ်ခံရပြီးဖုန်းအလုခံလိုက်၇သူမှာ အသက် ၃၀ ကျော်အရွယ ဆိုင်ကယ်စီးလာသူဖြစ်ကြောင်း သိ၇သည်။

သူသည်အဖော်တစ်ဦးနှင့်အတူ ယနေ့ အောက်တိုဘာလ ၁ ရက် နံနက် ၁၀ ခန့်တွင် အလုပ်လုပ်နေသည့် ကျောက်ထုတ်လုပ်သောစခန်းသို့သွားစဉ်ဂွမြို့အနီး ရဟိုင်ဖျားကျေးရွာသို့ သွားရာတောင်ကြားလမ်း(ဒေသအခေါ် ထုံးဘိုတောင်)သို့အရောက်တွင် အမည်မသိသူ ၃ ဦးက ဆိုင်ကယ်ကိုတားကာတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိ၇သည်။

ယင်းနောက် ဆိုင်ကယ်လဲကျသွားစဉ်၎င်းသူကိုတောင်စောင်းမြောင်းဘေးတွင် ဓားဖြင့်ထိုးကာ လွယ်အိတ်တွင်ပါလာသည့်ဖုန်းနှင့် ပိုက်ဆံ ကျပ် ၃ သိန်းကျော်ကိုယူဆောင်သွားပြီးအဖော်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း ဂွမြို့မှထာ၀ရမေတ္တာနာရေး ကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက အဖော်ဖြစ်သူ၏ပြောဆိုချက်ကို ကိုးကားပြီးနိရဥ္စ၇သတင်းဌာနပြောသည်။

သူတို့က အရင်နေ့တွေကတခြားလမ်းက သွားတာ။ ဒီနေ့မှ ဒီလမ်းက သွားတဲ့အခါ အခုလိုဖြစ်ခဲ့တာ။ပါလာတဲ့အဖော်ကို ဒူးထောက်ထိုင်ခိုင်းထားပြီး ကျန်တဲ့တစ်ယောက်ကိုဓားနဲ့ထိုးသတ်သွားခဲ့တာ။ ဖုန်းနဲ့ပိုက်ဆံတွေလည်း ယူသွားတယ်ပေါ့ဟု ပြောသည်။

အဖော်ဖြစ်သူအား ယခုကိစ္စကိုပြန်ပြောလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်  ပြောလွှတ်လိုက်သည်ဟုလည်း သိ၇သည်။

အဖော်ဖြစ်သူကလွတ်မြောက်လာပြီးနောက် ဂွမြို့ရဲတပ်ဖွဲ့သို့ဆက်သွယ်လာခဲ့သည့်အတွက်ရဲတပ်ဖွဲ့နှင့် ထာ၀ရမေတ္တာ နာရေးကူညီမှုအသင်းတို့က အလောင်းအားသွားရောက်သယ်ဆောင်ကာ ဂွမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားခဲ့ကြောင်း သိ၇သည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.