Preview

မြောက်ဦးတွင်စစ်ကောင်စီတပ်သားများ အရက်သောက်စားမူးယစ်ပြီး လက်နက်ကြီးဖြင့်ဖြိုပစ်နေ

အောက်တိုဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :2676
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁/ ၂၀၂၂

ရခိုင်တို့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့တွင်စစ်ကောင်စီတပ်သားများသည် သောက်စားမူးယစ်ပြီး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်နေသည်ဟုသတင်းရရှိသည်။

မြောက်ဦး ဒေသခံတစ်ဦးက " ဒီနေ့ည ရ နာရီခွဲက စပစ်တာ ၈ နာရီခွဲအထိအလုံး ၁၀ ကျော်ပစ်ပါတယ်။ မြောက်ဦးမှာဒီနေ့ တိုက်ပွဲလည်းမဖြစ်၊ ဘာဖြစ်တာမှလည်းမရှိဘဲ တမင် မြို့ထဲမှာ ပစ်နေတာပါ။ ဒီလောက်မိုးတွေရွာ၊ လျှပ်စီးတွေလတ်နေချိန်မှာမှ ပစ်တာပါ။ မိုးကလည်း အခုမှ နည်းနည်းစဲတယ်" ဟု ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်နေခြင်းမှာ အရက်သေစာ သောက်စားမူးယစ်ပြီးပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တပ်ထဲမှာ ရခိုင်စစ်သားတွေရှိတယ်။ ပြီးရင် အိမ်ထောင်ကျနေတဲ့ရခိုင်အမျိုးသမီးတွေရှိတယ်။ သူတို့ပြောပြတာ။ ညကျရင် အရက်သေစာသောက်စားပြီး ရခိုင်တွေကိုဆဲဆိုကလော်တုတ်၊ သေနတ်တွေ ပစ်ဖောက်တာတွေ လုပ်တယ်။ မြို့ပေါ်က လူတွေကိုလည်း ညကျရင် သတိထားနေကြဖို့တပ်ထဲက လူတွေပြောတာရှိတယ်ဟု ပြောသည်။

သို့အတွက် မြောက်ဦးဒေသခံများအနေဖြင့် နေ့ခင်းထက် ညနေပိုင်းနှင့်ညဉ့်အချိန်တွင် ပိုမို သတိထားနေကြ၇သည်ဟု ဆိုသည်။

တစ်ခြားမြောက်ဦးဒေသခံတစ်ဦးကလည်း မြန်မာစစ်တပ်၏ လုပ်ရပ်မှာအလွန်တရာ အောက်တန်းကျပြီး တမင်တကာ ယုတ်မာနေသည်ဟု ပြောကြားသည်။

 " ဒီနေ့ ထိခိုက် အပျက်အစီးတွေကတော့မိုးရွာတာရော၊ လက်နက်ကြီးပစ်တာကြောင့်ရော မထွက်ရဲလို့မသိ၇သေးပါဘူး။ မြောက်ဦးထွက်၀နားတွေမှာကျတယ်လို့တော့ကြားတယ်။ ကားဂိတ်ဘက်တွေရော ကျတယ်ကြားပါတယ်။ တိုက်ပွဲတွေ ဘာတွေဖြစ်လို့များပစ်တယ်ဆိုလည်း လက်ခံနိုင်ပါသေးတယ်။ အခုက တမင်တကာယုတ်မာတာပါ။ ဘာမှမဟုတ် အေးအေးဆေးဆေး အခြေအနေမှာ ပြည်သူတွေကိုဘဲခြိမ်းခြောက်ပြီးကြောက်အောင်တမင်ပါဝါပြတာပါ" ဟု ပြောဆိုသည်။

ယနေ့ အကြောင်းမဲ့ လက်နက်ကြီးများပစ်ခတ်မှုကို မြောက်ဦးအခြေစိုက်စစ်ကောင်စီတပ်ရင်း ၃ရ၇နှင့် ၅၄၀ တို့မှ ပြုလုပ်ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်များမှာမြောက်ဦးမြို့ကို ကျော်ပြီး ဝေသာလီရွာ အနီးတွင် ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ဖြူဆည်အနီးတွင်လည်းအနည်းဆုံး တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

(ဓာတ်ပုံ- ယခုနှစ် ဩဂုတ် ၂၈ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မြောက်ဦးမြို့သစ် ဓမ္မရာဇ်ရပ်ကွက်ရှိ ပညာရောင်ခြည် စာသင်ကျော်းတိုက်နှင့်အောင်မြေသုခ ဘုန်းကြီးကျောင်းတိုက်တို့ကို ထိခိုက်ခဲ့သည့် ပုံဖြစ်သည်။)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.