နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၂
ရခိုင်ပြည်နယ်တွင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၂ သိန်းပိုများပြီးပြည်နယ်တစ်ခုလုံးတွင် လူဦးရေ ၃ ဒဿမ ၄ သန်းရှိကြောင်း စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အောက်တိုဘာ (၁) ရက်နေ့ ထုတ်ပြန်ချက်အရသိ၇သည်။
ရခိုင်ပြည်နယ်တွင် အမျိုးသားဦးရေ ၁ ဒဿမ ၆ သန်းရှိပြီး အမျိုးသမီးဦးရေမှာ၁ ဿမ ၈ သန်း၊ စုစုပေါင်း ၃ ဒဿမ ၄ သန်းရှိသည်ဟု ထုတ်ပြန်ရာတွင်ဖော်ပြသည်။
ယခုထုတ်ပြန်ချက်မှာ ၂၀၁၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၂ခုနှစ်၊အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်း ထုတ်ပြန်ခြင်းဟု သိ၇သည်။
ယခု ထုတ်ပြန်ချက်သည် နိုင်ငံတော်၏ မူဝါဒများစီမံကိန်းများ ရေးဆွဲချမှတ် ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက်နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းဖြစ်သည်ဟု ဆိုသည်။
ယင်းစာရင်းများထုတ်ပြန်ရာတွင်၂၀၁၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၁)ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ(၅၅ ဒသမ ၈) သန်းဖြစ်ပြီဟု ဖော်ပြသည်။
၂၀၂၂ အောက်တိုဘာ (၁) ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။
ကချင်ပြည်နယ် (ကျား ၁ သန်း ၊ မ ၁ သန်း) ၂ သန်း၊ ကယားပြည်နယ်(ကျား၀.၂ သန်း၊ မ ၀.၁ သန်း) ၀.၃ သန်း၊ကရင်ပြည်နယ် (ကျား ၀.၈ သန်း၊ မ ၀.၈ သန်း) ၁.၆ သန်း၊ချင်းပြည်နယ် ( ကျား ၀.၃ သန်း၊ မ ၀.၂ သန်း) ၀.၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး(ကျား ၂.၇ သန်း၊ မ ၃ သန်း) ၅.၇ သန်း၊ တနင်္သာရီတိုင်းဒေသကြီး(ကျား ၀.၈ သန်း၊ မ ၀.၇ သန်း) ၁.၅ သန်း၊ ပဲခူးတိုင်းဒေသကြီး( ကျား ၂.၃ သန်း၊ မ ၂.၇ သန်း) ၅ သန်း၊ မကွေးတိုင်းဒေသကြီး(ကျား ၁.၈ သန်း၊ မ ၂.၁ သန်း) ၃.၉ သန်း၊ မန္တလေးတိုင်းဒေသကြီး( ကျား ၃.၂ သန်း၊ မ ၃.၅ သန်း) ၆.၇ သန်း၊ မွန်ပြည်နယ် (ကျား၀.၉ သန်း၊ မ ၁.၁ သန်း) ၂ သန်း၊ ၇ခိုင်ပြည်နယ် ( ကျား ၁.၆ သန်း၊ မ ၁.၈ သန်း)၃.၄ သန်း၊ ရန်ကုန်တိုင်းဒေသကြီး (ကျား ၄.၂ သန်း၊ မ ၄.၇ သန်း) ၈.၉ သန်း၊ ရှမ်းပြည်နယ် (ကျား ၃.၃ သန်း၊ မ ၃.၄ သန်း) ၆.၇ သန်း၊ ဧရာ၀တီတိုင်းဒေသကြီး (ကျား ၃ သန်း၊ မ ၃.၃ သန်း) ၆.၃ သန်း၊ နေပြည်တော်ကောင်စီ( ကျား ၀.၆ သန်း၊ မ ၀.၇ သန်း) ၁.၃ သန်းတို့ဖြစ်သည်
စုစုပေါင်း တစ်နိုင်ငံလုံး ခန့်မှန်းလူဦးရေ(ကျား ၂၆.၇ သန်း၊ မ ၂၉.၁ သန်း) ၅၅.၈ သန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။