နိရဥ္စရာ၊အောက်တိုဘာ ၂/၂၀၂၂
တိုက်ပွဲများကြောင့် အမ်းမြို့ပေါ်တွင် ခိုလှုံနေထိုင်ခဲ့ကြရသည့်စစ်ရှောင်များကို ၎င်းတို့၏ မူလနေရပ် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုသို့ အတင်းပြန်ပို့ခဲ့ပြီးနောက် ၎င်းတို့နေရာကျေးရွာများသို့ ဆန်
ဒေသအတွင်းရှိ ၎င်းတို့ နေထိုင်ရာ ကျေးရွာများသို့ ကုန်းလမ်း၊ရေလမ်းမှတင်သွင်းလာသော ရိက္ခာများကို ကဇူးကိုင်းတံတား စစ်ဆေးရေးဂိတ်မှ စစ်ဆေးတားဆီးနေပြီး ဆန်တင်သွင်းမှုကိုတင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟုကျေးရွာသား တစ်ဦးက နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။
“ ဆန်ကိုဘာလို့မတင်၇တာလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူး။ သူတို့ (စစ်သား)က မတင်၇ဘူးလို့ ပြောတယ်။ ဒီရွာတွေကထွက်တဲ့ အသီးအနှံ အရွက်တွေကို ပြင်ပင်နေရာတွေကို တင်ပို့ ရောင်းချတာရှိတယ်။ ပြန်လာရင် ကျွန်တော်တို့တင်ချင်တာ မတင်၇ဘူး။ ဆန်မတင်မ၇ဘူး
ပြီးခဲ့သည့်စက်တင်ဘာ ၂ရရက်နေ့မှစပြီး ၎င်းဒေသသို့ အဝင်အထွက်ကားများနှင့်ရေလမ်းကြောင်းပေါ်မှ လှေ၊ စက်တပ်ယာဉ်များကို ကဇူးကိုင်းတံတားစစ်ဆေးရေးဂိတ်မှ ပြင်းပြင်းထန်ထန် စစ်ဆေးနေသည်ဟု သိ၇သည်။
ဒါးလက်အုပ်စုမှကျေးရွာတွင် နယ်မြေအခြေအနေကြောင့် စပါးစိုက်ပျိုးရေးမှာ ဖြစ်
နောက်ထပ်ကျေးရွာတစ်ခုမှ ရွာသားတစ်ဦးက" ကျွန်တော်တို့ရွာဘ်ကဆိုရင် စက်လှေတောင်တစ်စီးပဲ ထွက်ခွင့်ရှိ
အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ ကျေးရွာများတွင် ယခင်က ဆန် ၁ တောင်းလျှင် ကျပ် ၁၃၀၀၀ခန့်ဖြင့် ပေးဝယ်ရပြီး၊လက်ရှိတွင် ၁၃၀၀၀ပေးဝယ်ရန်အတွက်လည်း ဆန်မရှိဖြစ်နေသည်ဟု ၎င်းက ပြောသည်။
အမ်းမြို့နယ် ဒလက်ချောင်းရှိ ဒေသခံ အများစုသည် ၂၀၁၉- ၂၀၂၀နှစ်များအတွင်း ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အမ်းမြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့၇သည်။ ထိုသို့ တိမ်းရှောင်ပြီး အမ်းမြို့စစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေသူများကို စစ်ကောင်စီက ယခုနှစ် မတ်လအတွင်းကအတင်း နေရပ်ပြန်ခိုင်းခဲ့သည်။
နေရပ်ပြန်သည့် မိသားစု ၃၀၇ စုကို စစ်ကောင်စီက တစ်စုလျှင်ကျပ် ၅သိန်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၁၅၃၅ သိန်းကို ၂၀၂၂ ခုနှစ်မတ်လ ၂၆ ရက်နေ့က အမ်းမြို့အားကစားခန်းမ၌အခမ်းအနားဖြင့် ထောက်ပံ့ပေးခဲ့သည်။ ၎င်းအခမ်းအနားကိုအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊၇ခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်ဒေါက်တာ အောင်ကျော်မင်း၊ဌာနဆိုင်ရာတာဝန် ရှိသူများ၊ တိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်း ၁ရမျိုးနှင့် စားသောက်ဖွယ်ရာများကို ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၃၀၇စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိ၇သည်။
ထိုသို့ ထောက်ပံ့မှုများပြုလုပ်ပြီးနောက် အမ်းမြို့ပေါ်ရှိမိုးလုံလေလုံအားကစားခန်းမ၊ ကမ်းဒိတ်၊ ဈေးတောင်ရပ်ကွက်၊လေယာဉ်ကွင်းရပ်ကွက်၊ အမ်းတောင်နှင့်အမ်းမြောက်တို့တွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို စစ်ကောင်စီက ၂၀၂၂ မတ်လ နောက်ဆုံးအပတ်က ၎င်းတို့၏ နေရပ်ကိုပြန်လည်ပို့ပေးခဲ့သည်။ ကျန်ရှိနေသည့် စစ်ဘေးရှောင် ၇၀၀ ခန့်သည်လည်း၂၀၂၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့ စစ်ကားများဖြင့် ထပ်မံပို့ဆောင်ပေးခဲ့သည်ဟု သိ၇သည်။
လက်ရှိတွင် နေရပ်ပြန်သွားခဲ့ကြသည့် စစ်ဘေးရှောင်ဒါးလက်ပြည်သူများကို စစ်ကောင်စီကတစ်စုံတစ်ရာ ထောက်ပံ့မှုများ မပြုလုပ်တော့သည့်အပြင် ၎င်းကျေးရွာများသို တင်သွင်းသည့်ဆန်များကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားသဖြင့် ရိက္ခာများပြတ်လပ်ကာအခက်အခဲရောက်နေကြရသည်ဟု သိ၇သည်။
အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင်ကျေးရွာစုစုပေါင်း ၄၄ ရွာရှိ အိမ်ခြေ ၁၇၀၀ကျော်နှင့် လူဦးရေ ၆၀၀၀ကျော်ရှိပြီးချင်းလူမျိုးနှင့်၇ခိုင်လူမျိုးများ နေထိုင်ကြသည်ဟုသိ၇သည်။
ထိုကျေးရွာသားများမှာအဓိက သီဟိုဠ် သရက်ခင်းနှင့် ဥယာဉ်ခြံမြေ၊တောင်ယာစို
(ဓာတ်ပုံ- ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက စစ်ဘေးရှောင်တစ်ဦးအား အမ်းမြို့ အားကစားခန်းမ၌ မတ်လ ၂၆ ရက်နေ့က ထောက်ပံ့ငွေပေးအပ်နေစဉ်)