နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၂
သင်တန်းဆင်း PDF များဝင်လာရောက်မည်ဆိုသည့် သတင်းကြောင့် ဧရာ၀တီတိုင်းတွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး ၇ခိုင်လူမျိုးများကို ထပ်မံဖမ်းဆီးမှုများရှိနေသည်ဟု သတင်းရရှိသည်။
စက်တင်ဘာလ ၂၄ ရက်နေ့က ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာမှ ၇ခိုင်လူမျိုး ဦးကုလားချေ၊ ဦးလှတင်နှင့် ဦးထွန်းကြည်တို့ ၃ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားခဲ့သည်။
၎င်းငါးပြေမ ကျေးရွာ ၇ခိုင်လူမျိုးတစ်ဦးက “ ငါးပြေမကျေးရွာသားတွေပါ။ သူတို့ကို PDF နဲ့ ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးသွားတာလို့ သိ၇ပါတယ်။ ဟိုင်းကြီးရေတပ်နဲ့ နယ်မြေခံ ရဲ စုစုပေါင်းအင်အား ၂၀ ကျော်လောက်က လာရောက်ဖမ်းဆီးသွာတယ်။ ဒီလူတွေက ရွာသားတွေပါ။ အေးအေးဆေးဆေးနေတဲ့လူတွေ” ဟု နိရဉ္စရာသတင်းဌာကို ပြောသည်။
ဟိုင်းကြီးကျွန်းအပါအဝင် ဧရာ၀တီတိုင်းတွင် ၇ခိုင်လူမျိုးများကို ပစ်မှတ်ထားဖမ်းဆီးနေကြောင်း၊ ယခုတစ်ကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်မကတော့ကြောင်း၊ ပြန်လွတ်လာသူအချို့ရှိသော်လည်း အများစုကို ဆက်လက်ဖမ်းဆီးထား၍ ဒေသခံ၇ခိုင်တွေ ထိတ်လန့်နေကြကြောင်းဟိုင်းကြီးကျွန်းဒေသခံ တစ်ဦးက ပြောကြားသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ အသက် ၂၀ အရွယ်၇ခိုင်လူငယ် သုံးဦး၊ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး၊ ၇ခိုင်အမျိုးသမီး သုံးဦးကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု သိ၇သည်။
“ အခု ဒီမှာ သတင်းဖြစ်နေတာက အေအေ သင်တန်းဆင်း PDF တွေ ဝင်ရောက်နေတယ်။ နောက်လဆန်းစပြီး အလုံးအရင်းနဲ့ ဝင်လာမယ်ဆိုပြီး သတင်းဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ဆိုရင် ရမ်းသန်းဖမ်းနေတာပါဘဲ” ဟု ၎င်းက ပြောသည်။
ဧရာ၀တီတိုင်းအတွင်း ယနေ့ အောက်တိုဘာလ ၁ ရက် နေ့၌ PDF တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားများ တိုးမြှင့်ချထားကြောင်း Mizzima ကလည်း တင်းဖော်ပြထားသည်။
"ဧရာ၀တီတိုင်း ဝင်ပေါက်ထွက်ပေါက်တွေမှာ စစ်တပ်နဲ့ရဲတွေ ထပ်တိုးထားတယ်။ ကင်းပုန်းတွေလည်း ချထားတယ်။ နီးစပ်တဲ့လူကို မေးကြည့်တော့မှ PDF တွေဝင်လာမယ်သတင်း၇လို့ စောင့်နေကြတာလို့ပြောတယ်"ဟု ဆို ဒေသခံများကို ကိုးကားပြီး သတင်းဖော်ပြသည်။
လွတ်မြောက်နယ်မြေရောက် ဧရာ၀တီတိုင်းသား PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာမည် အထင်ဖြင့် ဧရာ၀တီတိုင်း ၂၆ မြို့နယ်တွင် စစ်ကောင်စီတပ်များ အင်အားတိုးမြှင့်ထားခြင်းဖြစ်သည်ဟု မြို့နယ်အသီးသီးရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောကြောင်း သတင်းတွင်ဖော်ပြသည်။
ရက္ခိုင့်တပ်တော် ( AA)သည် ပြည်မဘက်မှ PDF များကို သင်တန်းများပေးနေပြီး စစ်ရေးအကူအညီများလည်း ပေးနေသည်ဟု PDF တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သည့် လအနည်းငယ်က ထုတ်ဖော်ပြောကြားထားသည်။
မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA ( Magway) သည်လည်းရက္ခိုင့်တပ်တော်ထံမှ စစ်ရေးအကူအညီများ ရရှိနေပြီး ၎င်းတို့အနေဖြင့် သင်တန်းသားသစ်များကိုသင်တန်းပေးနေပြီး လက်နက်များတပြိုင်တည်း တပ်ဆင်ရန် စီစဉ်နေကြောင်း ၎င်းအဖွဲ့၏ နိုင်ငံရေးမှူးနောင်သူရိန်က သံလွင်တိုင်းစ် သတင်းဌာနကို ၂၀၂၂ ခုနှစ် ဇွန် ၂၄ ရက်နေ့က ထုတ်ဖော် ပြောဆိုလိုက်သည်။
နိုင်ငံရေးမှူးနိုင်သူရိန်က “ကျွန်တော်တို့ PRAနဲ့ ရက္ခိုင့်တပ်တော်နဲ့ ဆိုတာက မဟာမိတ်အနေအထားမှာ ရှိပါတယ်။ ကျွန်တော်တို့ ဆက်ဆံရေးအထူးကောင်းမွန်ပါတယ်။ကျနော်တို့ သူတို့ဆီက စစ်ရေးဆိုင်ရာ အကူအညီတွေ၊ နောက်တခါ နည်းပညာဆိုင်ရာ အကူအညီတွေအမျာကြီးရရှိနေပါတယ်” ဟု ပြောဆိုသည်။
(ဓာတ်ပုံ- မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA ( Magway)အားတွေ့၇စဉ်)