နိရဉ္စရာ၊အောက်တိုဘာ ၂/၂၀၂၂
၇ခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ၏ဒူရ်ဂါပူဇာဘုရားပွဲတော်ကို ယမန်နေ့အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၅ရက်တိုင်တိုင်ကျင်းပနေကြောင်းသိ
အဆိုပါပွဲတော်ကိုယမန်နေ့အောက်တိုဘာလ ၁ ရက်မှစတင်ကာ လာမည့်အောက်တိုဘာလ ၅ ရက်အထိ ၅ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်
ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာဘုရားပွဲတော်(စိုင်းဒီးမယ်တော်)ပွဲတော်တွင် သက်ဆိုင်ရာ ဘုရားကျောင်းများ၌ နံနက်ပိုင်းတွင်ဆွမ်းကျွေးအလှူများနှင့် လာရောက်သောဧည့်သည်များကိုသက်သက်လွတ်ထမင်းကျွေးဧည့်ခံပြီး ညပိုင်းတွင် ရိုးရာဝတ်စုံများဝတ်ဆင်ပြီးဗုံ၊ဆိုင်းဝိုင်းအတီးအကများဖြင့်
လက်ရှိ၇ခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(အေအေ)နှင့်မြန်မာစစ်တပ်တို့ စစ်ရေးများ တင်းမာလျက်ရှိနေပြီးနိုင်ငံရေးအခြေအနေမတည်ငြိမ်သဖြ
ယနေ့အောက်တိုဘာလ ၂ ရက်နေ့တွင်မူ ရာသီဥတုအခြေအနေနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် ပွဲသို့လာရောက်သူမှာ၂၀၀ ကျော်ခန့်သာရှိကြောင်း ဒေသခံများကပြောသည်။
စစ်တွေမြို့တွင် မောလိပ်ရပ်ကွက်နှင့်ကျောင်းတက်လမ်းရပ်ကွက်တို့တွင် ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းစီရှိပြီးအဆိုပါဘုရားကျောင်းနှစ်ကျောင်း
ပြီးခဲ့သည့်၂၀၂၂ ခုနှစ်က စစ်တွေမြို့၌ကျင်းပသည့် အဆိုပါပွဲတော်ကို လူပေါင်း ၅၀၀၀ ကျော်လာရောက် ဆင်နွှဲခဲ့ကြကြောင်
ဟိန္ဒူဘာသာဝင်များရှိသည် ရခိုင်ပြည်နယ်ရှိအခြားမြို့နယ်အချို့တွင်လည်း ယခုဘုရားပွဲကို ကျင်းပလျက်ရှိသည်။
၇ခိုင်ပြည်နယ်တွင် စစ်တွေ၊မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ကျောက်ဖြူမြို့တို့တွင် ဟိန္ဒူဘာသာဝင်စုစုပေါင်း ၂ သောင်းခန့်ရှိသည်။
စစ်တွေမြို့နယ်တွင်လူဦးရေ ၃ ထောင်ခန့် နေထိုင်ကြပြီး အများစုမှာ ကျပန်းအလုပ် လုပ်ကိုင်ကြကြောင်း သိ၇သည်။
(NN-8)၏
ဓာတ်ပုံ-ယနေ့ကျင်းပနေသည့် ဟိန္ဒူဘာသာဝင်များ၏ ဒူရ်ဂါပူဇာ(စိုင်းဒီးမယ်တော်)ပွဲတော်မြင်ကွင်း