သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် မူဆလင်ဒုက္ခသည် အမျိုးသားတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၂

 

တနင်္ဂနွေ နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ င်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီ ြို့နယ်တောင်ပိုင်းခေါင်းတုံး (Ghumdhum) နယ်စပ်အနီး မြန်မာပိုင်နက်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ ငါးသွားရှာသူ မူဆလင်ဒုက္ခသည်တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် အုမ္မာဖာရုဒ် (Omor Faruk) အသက် ၂၇ နှစ်ဖြစ်ကြောင်း ဒက္ကားအခြေစိုက်  ဒေလီးစတား သတင်းစာတွင် ဖော်ပြသည်။

၎င်းသည် နတ်ကျောက်ဆရီမြို့နယ်၊ တောင်ပြိုအနီးရှိ no-man's-land  ခေါ် နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်ရှိ ဒုက္ခသည်စခန်းတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။

အုမ္မာဖာရုဒ် ယ်စပ်ဖြတ်ကျော်ပြီး မြန်မာပိုင်နက်ထဲကို ချောင်းတစ်ချောင်းကို ငါးရှာရန်သွားခဲ့ကြောင်း၊ ၎င်းအချိန်တွင်မြေမြှုပ်မိုင်း ပေါက်ကွဲကာ သေဆုံးခြင်း ဖြစ်ကြောင်း ခေါင်းတုံးတိုက်နယ်ဥက္ကဋ္ဌ Jahangir Aziz က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ၎င်း၏ ရုပ်အလောင်းကို ၎င်းနေထိုင်ခဲ့ရာ စခန်းသို့ ပြန်လည် သယ်ယူခဲ့ပြီး  မြှုပ်နှံခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

ြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မြန်မာ့စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရက္ခိုင့်တပ်မတော် (AA) ကို ဝေဟင်နှင့် မြေပြင်မှ က်လက် ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာလုံခြုံရေးတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် ခေါင်းတုံးနယ်စပ်တလျှောက်ရှိ ပြည်သူများများစွာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်ဟုလည်း သတင်းတွင် ရေးသားထားသည်။

ဆက်စပ် သတင်းများ