နိရဥ္စရာ၊ အောက်တိုဘာ၃/ ၂၀၂၂
၇ခိုင်ပြည်နယ် မြို့နယ်အချို့တွင်ကုန်းလမ်းနှင့် ရေလမ်းတို့ကို စစ်ကောင်စီက ပိတ်ထားသည့်အတွက်စစ်တွေမြို့သို့လာရောက် စာမေးပွဲဖြေဆို ပြီးစီးသွားခဲ့ကြသည့်မြို့နယ်အချို့မှ အဝေးသင်ကျောင်းသူ၊ကျောင်းသားများသည် နေရပ်မပြန်နိုင်ဘဲ စစ်တွေတွင်သောင်တင်ကာ အခက်အခဲဖြစ်နေကြသည်ဟုသိ၇သည်။
မောင်တောမြို့နယ်မှ ကျောင်းသားတစ်ဦးက"မောင်တောနဲ့စစ်တွေ ကားလမ်းကော၊ရေလမ်းပါ အကုန်ပိတ်ထားပါတယ်။ အရင်ကဆိုရေချမ်းပြင်ကနေ အငူမော်ကိုသွားတယ်။အငူမော်ကနေ မောင်တောကိုသွားလို့၇တယ်။ အခုလမ်းတွေပိတ်ထားတော့မသွား၇သေးဘူး။ ကိုယ့်အစီအစဥ်နဲ့ကိုယ် အဆင်ပြေမယ့်အတိုင်းသွား၇မှာပါ။ အခုတော့ မသွား၇သေးဘူး။ အခုချိန်ထိအဆောင်မှာ အထုတ်အပိုးတွေနဲ့ စောင့်နေတုန်း"ဟု ပြောသည်။
အဝေးသင်ဒုတိယအသုတ်ကျောင်းသူ၊ ကျောင်းသားအများအပြားသည် သူတို့၏ စာမေးပွဲအောက်တိုဘာ ၁ ရက်က ပြီးစီးခဲ့ပြီဖြစ်သော်လည်းကုန်းလမ်းနှင့်ရေလမ်းများအပိတ်
"လမ်းမဖွင့်ပေးဘူး။လမ်းပိတ်ထားလို့အိမ်ပြန်မရဘူးဖြ
စစ်တွေတွင်နေရပ်မပြန်နိုင်ဘဲ သောင်တင်ပိတ်မိနေသည့်ကျောင်းသူ၊ ကျောင်းသားများအထဲတွင် မင်းပြား၊မြေပုံ၊ အမ်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစသည့်မြို့နယ်များမှ ကျောင်သား ကျောင်းသူ အများအပြားပါဝင်သည်ဟု သိ၇သည်။
မြေပုံကကျောင်းသား တစ်ဦးက“ မြေပုံကို ကားမထွက်တဲ့ ပြန်မ၇ဖြစ်နေပါတယ်။ ပေါက်တောကနေ အဆင့်ဆင့် ပြန်နေကြတဲ့ ကျောင်းသားတွေရှိပါတယ်။ ကားလမ်းကနေသွားခွင့်မရတော့ ပေါက်တော၊ ပေါက်တောကနေ မင်းပြား၊ မင်းပြားကနေ မြေပုံ အဆင့်ဆင့် ပြန်နေကြ၇ပါတယ်”ဟု ပြောကြားသည်။
သူတို့နေရပ်ပြန်နိုင်ရေးအတွက် စကစအာဏာပိုင်များက ၃ ရက်သာလမ်းဖွင့်ပေးသည်ဟုကြားသိရသော်လည်း မသေချာ မရေရာဘဲ ဖြစ်နေသဖြင့် မိမိအစီအစဉ်ဖြင့် ကုန်းတစ်တန်၊ရေတစ်တန်ဖြင့် ဖြစ်သလို နေရပ်ပြန်နေကြသူများလည်း ရှိသည်ဟု မောင်တောက ကျောင်းသားကဆက်ပြောသည်။
“ကျောင်းသားတွေစာမေးပွဲပြီးလို့ အိမ်ပြန်ဖို့ လမ်း ၃ ရက်ဖွင့်ပေးတယ်လို့သာ ပြောတာ။ရေချမ်းပြင်-အငူအမော်လမ်းကိုတော
ဘူးသီးတောင်မှ ကျောင်းသားတစ်ဦးက "ဘူးသီးတောင်နဲ့စစ်တွေ ကားလမ်းတွေကို ပိတ်ထားတာတော့ကြာပြီ။အမြန်ယာဥ်လိုင်းတွေလည်းပိတ်ထားတယ်။ အခုလည်းပိတ်ထားဆဲပါပဲ။ရွာကိုပြန်တာကတော့ ဒီစစ်တွေကနေ ဘူးသီးတောင်ကို စက်လှေနဲ့သွားမယ်။စက်လှေကလည်း ကိုယ်တို့ဘာသာ စီစဥ်ပြီးသွား၇တာပါ။ ဘူးသီးတောင်ရောက်မှရွာကို ပြန်၇ပါမယ် ။ တစ်ယောက်တည်းသွားတာတော့ မကောင်းဘူး။ စရိတ်တွေလည်း ကြီးတယ်။သူငယ်ချင်းတွေနဲ့စုပြီးသွား၇တယ်။ ဒါမှ အကုန်အကျသက်သာပြီး လုံခြုံမှု ရှိပါတယ်”ဟု ပြောကြားသည်။
စစ်တွေမြို့ထွက်၀ဂိတ်တွင်ဆိုလျှ
"စစ်တွေမြို့ထွက်၀ဂိတ်တွေတောက်
အဝေးသင်ဒုတိယအသုတ်ကျောင်းသူ၊ ကျောင်းသားသည် စက်တင်ဘာလ၂၆ ရက်တွင် စာမေးပွဲစတင်ဖြေဆိုခဲ့ကြ၇ပြီးအောက်တိုဘာလ ၁ ရက်တွင် စာမေးပွဲပြီးဆုံးသွားခဲ့သည်ဟု သိ၇သည်။
မောင်တောမြို့နယ်နှင့်၇သေ့တောင်မြို့နယ်တို့တွင် သြဂုတ်လ ၁၃ ရက်က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများ
ယင်းအပြင်ပြီးခဲ့သည့်သြဂုတ်လ ၂၉ ရက်မှ စတင်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်အထိ ၁ရရက်တိုင်တိုင် စစ်တွေ-မြောက်ဦးရေကြောင်းလိုင်း
လူသွားလူလာများသည့်စစ်တွေ- ၇သေ့တောင်-ဘူးသီးတောင် အမြန်ရေယာဉ်လိုင်းနှင့် စစ်တွေ-ပေါက်တော-မင်းပြား အမြန်ရေယာဉ်လိုင်းများကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့က စပြီး စစ်ကောင်စီက အကန့်အသတ်မရှိ ထပ်မံပိတ်ထားသည်ဟု သိ၇သည်။ (NN-12)