မြောက်ဦးမှကိုဖိုးသီဟကို ရဲလက်သို့လွှဲပြောင်း၊ အောက်တိုဘာ ၆ရက်တွင်စတင်ရုံးထုတ်စစ်ဆေးမည်


နိရဥ္စရာ၊ အောက်တိုဘာ /၂၀၂၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ၅ဝ၅(က)ဖြင့်အမှုဖွင့်ခံထားရသည့် သတင်းထောက်ဟောင်း တစ်ဦးဖြစ်သူ ကိုဖိုးသီဟ(ခေါ်) မြတ်သူထွန်းကို ရဲလက်သို့လွှဲပြောင်းလိုက်ပြီဖြစ်ပြီး အောက်တိုဘာလ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးသွားမည်ဟု မိသားစုများက ပြောသည်။


အသက် ၄ဝ ခန့်အရွယ် ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းကို ယနေ့ အောက်တိုဘာ ရက်တွင် မြောက်ဦးမြို့မရဲစခန်းသို့ လွှဲပြောင်းလာခြင်းဖြစ်ပြီး အောက်တိုဘာ ရက်တွင် မြို့နယ်တရားရုံး၌ စတင်ရုံးထုတ်စစ်ဆေးသွားမည်ဟု သိရကြောင်း မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။

သူ စခန်းကို ရောက်နေပြီလို့ ကျနော်တို့ ဒီနေ့သတင်းရလို့ ရဲစခန်းကို ကျနော်တို့ လှမ်းမေးကြည့်တာ။ ကျနော်တို့ မေးကြည့်တော့ ရဲကလည်း သူ စခန်းကို ရောက်နေပြီလို့ ပြောပါတယ်။ ကျနော်တို့ တရားရုံးနဲ့နီးစပ်သူတွေဆီကနေသိရတာက တရားသူကြီးနဲ့ သူနဲ့က Viber ကနေ ရမန်ယူကြတယ်။ ပြီးတော့ ရက်နေ့မှာ ရုံးစထုတ်မယ်လို့ သိရပါတယ်ဟု ပြောသည်။

ယင်းသို့ ရုံးထုတ်မည်ကို သက်ဆိုင်ရာက ဆက်သွယ်အကြောင်းကြားလာခြင်းမဟုတ်ဘဲ မိမိအစီအစဉ်ဖြင့် စုံစမ်း၍သိရခြင်းသာဖြစ်သည်ဟု ဆိုသည်။

ကိုဖိုးသီဟ(ခေါ်)ကိုမြတ်သူထွန်းသည် စက်တင်ဘာလ ၂ဝ ရက် နေ့လယ်က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ နေအိမ်သို့လာရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် အမှုဖွင့်ထားသည်ဟု ရဲစခန်းက ယနေ့တွင် ပြောဆိုသလို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆()ဖြင့်လည်း အမှုဖွင့်ခံထားရသည်ဟု ပြင်ပတွင်သတင်းများထွက်ပေါ်နေသည်ဟုလည်း မိသားစုဝင်များက ဆိုသည်။

၅ဝ၅(က)ကတော့ ရဲစခန်းက ပြောတယ်။ ကျန်တာတွေတော့ ရုံးထုတ်တဲ့နေ့မှ သိရမယ်ထင်ပါတယ်ဟု ပြောသည်။

ကိုဖိုးသီဟသည် ယခင်က ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် သတင်းမီဒီယာလောကမှ ထွက်ကာ ကလေးကစားစရာအရုပ်ဆိုင်ရောင်းချနေသူဖြစ်သည်။

သို့သော် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် စစ်ရေး၊ နိုင်ငံရေးအကြောင်းများကို မျှဝေလေ့ရှိပြီး ယင်းအပေါ် စစ်တပ်က မကျေနပ်ဖြစ်ကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

ကိုဖိုးသီဟကိုဖမ်းဆီးသွားပြီးနောက် ရခိုင်ပြည်နယ်ကောင်စီ၏ သတင်းများကို ရေးသားဖော်ပြနေသည့် ရခိုင်နေ့စဉ် facebook Page တွင် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ သတင်းရေးသား လှုံ့ဆော်သူများအား အရေးယူတော့မည်ဟု စက်တင်ဘာလ ၂၁ ရက်တွင် ရေးသားထုတ်ပြန်ခဲ့သည်။

Share: