Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင် ညမထွက်၇အမိန့် ပုဒ်မ ၁၄၄ ကို နှစ်လထပ်တိုးထုတ်ပြန်

အောက်တိုဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :3755
ရခိုင် သတင်း

 

နိရဉ္စရာ၊ အောက်တိုဘာ /၂၀၂၂

 

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ညမထွက်၇အမိန့် ပုဒ်မ ၁၄၄ ကို သက်တမ်း ထပ်တိုးထုတ်ပြန်လိုက်ကြောင်းသိ၇သည်။

အဆိုပါအမိန့်ကို ယနေ့အောက်တိုဘာလ ရက်၊ ညနေ နာရီခန့်က ပုဏ္ဏားကျွန်းမြို့ ရပ်ကွက်များတွင် သက်ဆိုင်ရာမှ လိုက်လံကြေညာခဲ့ခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ညမထွက်၇အမိန့်ကို နာရီမှ မနက် နာရီအထိ နောက်ထပ် သက်တမ်းနှစ်လထပ်တိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့အတွင်း အဆိုပါညမထွက်၇အမိန့်ထုတ်ပြန်ထားမှုကြောင့် နာရီမတိုင်ခင်ကပင် လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ မရှိသလောက် နည်းပါးနေကာ ဈေးဆိုင်များလည်း စောစောပိတ်သိမ်း၇ပြီး ကျန်းမာရေးကိစ္စကြောင့် သွားလာရန်လည်း အခက်အခဲဖြစ်၇ကြောင်း ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

"ဒီအမိန့်ထုတ်ထားတော့ အားလုံးက ကြောက်ကြတယ်လေ။ ညဆိုအပြင်မသွားရဲကြတော့ဘူး။ သူတို့ကဆိုင်ကယ်သံကြားရင် မြင်ရင်ကို ပစ်တာဆိုတော့။ ကျန်းမာရေးကိစ္စတခုခုနှင့် သွားလာရမယ်ဆိုရင်လည်း အခက်အခဲတွေ ဖြစ်တာပေါ့" ဟုပြောသည်။

ယခုကဲ့သို့ ညမထွက်၇အမိန့်ထုတ်ပြန်ထားမှုကြောင့် ဒေသခံများ၊ နယ်မှလာသည့်ဈေးသည်များနှင့် ကုန်စည်ပို့ဆောင်သည့် ကားသမားများအတွက်လည်း အခက်အခဲဖြစ်၇ကြောင်း ဒေသခံများကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ပြီးခဲ့သည့် သြဂုတ်လ နေ့က ညမထွက်၇အမိန့် ၁၄၄ ကို ထုတ်ပြန်ထားခဲ့ပြီး ယခုအခါတွင် အဆိုပါညမထွက်၇အမိန့်ကို သက်တမ်းနှစ်လ ထပ်တိုးထုတ်ပြန်ခြင်းဖြစ်သည်။

လက်ရှိ၇ခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွား နေကာ အေအေနှင့်ဆက်စပ်သံသယရှိသူတို့ကို စစ်တပ်က နေအိမ်များသို့ ဝင်ရောက်ရှာဖွေမှုများ၊ ဖမ်းဆီးမှုများလည်း ပြုလုပ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်တွင်လည်း စစ်ရေးဆေးဂိတ်များ ၂၀ ထက်မနည်းဖွင့်လှစ်ကာ ခရီးသွားလာမှုများနှင့် ကုန်စည်တင်ဆောင်မှုများကို တင်းကျပ်စွာ စစ်ဆေးကန့်သတ်လျက်ရှိကြောင်း သိ၇သည်။

ဓာတ်ပုံ- နာရီအချိန်တွင်တွေ့၇သည့် ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်တစ်ခု

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.