နိရဉ္စရာ၊အောက်တိုဘာ ၃/၂၀၂၂
၇ခိုင်ပြည်နယ်၊မင်းပြားနှင့် ဘူးသီးတောင်မြို့တို့တွင် မြန်မာစစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့်ထပ်မံပစ်ခတ်နေသဖြင့် ပြည်သူများအကြား အထိတ်တလန့်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။
ယနေ့အောက်တိုဘာ ၃ ရက် ညနေ ၆ နာရီခွဲခန့်မှစကာ ၈ နာရီခွဲကျော်အထိ မင်းပြားမြို့ ကျိန်းတောင်နှင့်မယ်တော်တောင်တို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး (၉) ကြိမ် ပစ်ခတ်ခဲ့ကြောင်းမင်းပြားဒေသခံတစ်ဦးက ပြောသည်။
"အခုပစ်နေတာကကျိန်းတောင်နဲ့ မယ်တော်တောင်ဘက်က ပစ်နေတာပါ။ (၉) ချက်လောက် ကြားလိုက်တယ်။ ကျည်ကတော့ကေသလာရွာဘက်ကို ကျတယ်လို့ ကြားပါတယ်။ ထိခိုက်မှု အခြေအနေက မသိ၇သေးဘူး"ဟု ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုမှာပြင်းထန်ပြီး သာမန်သစ်သားအိမ်များပင် လှုပ်ခတ်သည့်အထိ ကျယ်လောင်စွာကြား၇သည်ဟု မင်းပြားဒေသခံများကပြောသည်။
ယခုပစ်ခတ်မှုမှာစက်တင်ဘာ ၂၆ရက်နှင့် ၂၇ ရက်နေ့တို့တွင် နေဗီ(၄)စီးဖြင့် ပို့ဆောင်ခဲ့သည့် စစ်လက်နက်များကို စမ်းသပ်ခြင်းဟု စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"လက်နက်ကြီးစမ်းနေတာလို့သိရပါတယ်။ ဘယ်ဘက်တွေကိုကျလဲ မသိရသေးဘူး။ ဟိုရက်ပိုင်းက နေဗီ (၄) စီးနဲ့ပါလာတဲ့ လက်နက်ကြီးတွေကို စမ်းတယ်ပြောပါတယ်။ အဲဒီနေ့က မင်းဘာကြီး ဆိပ်ကနေတင်တာ လူအများအပြားနဲ့ ထမ်းတင်၇တဲ့လက်နက်ကြီးတွေပါတင်ကြတယ်လို့ မြင်လိုက်တဲ့လူတွေကပြောကြပါတယ်။ အမျိုးအစားတော့မပြောတက်ဘူး"ဟု ပြောသည်။
စက်တင်ဘာ၂၆ ၊ ၂၇ ရက်နေ့တို့တွင် စစ်တွေမှ မင်းပြားသို့ တစ်ရက်နှစ်စီးနှုန်းဖြင့်စစ်တပ် ဇက်ရေယာဉ်(၄) စီးကို စစ်၇ဟတ်ယာဉ်အစောင့်နှင့်ပို့ဆောင်ခဲ့သည်။
ပထမနေ့ စက်တင်ဘာ ၂၆ ရက်နေ့က ပို့ဆောင်ရာတွင် အေအေက လက်နက်ကြီးဖြင့်ပစ်ခတ်၍ဇက်ရေယာဉ်တစ်စီး ထိခိုက်မှုရှိခဲ့သည်ဟု သိ၇သည်။
ယင်းနောက်တွင်စစ်တပ်ကလည်း ၇ဟတ်ယာဉ်များ၊ဇက်ရေယာဉ်တို့မှ လူနေကျေးရွာများကိုပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ခေါင်းလောင်းချောင်း ကျေးရွာတွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ကိုယ်ဝန်ဆောင်အမျိုးသမီး၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ်၁ ဦး၊ စုစုပေါင်း ၃ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အိမ်အများအပြားလည်းပျက်စီးခဲ့သည်ဟုသိ၇သည်။
ယနေ့တွင်ပင်ဘူးသီးတောင်အခြေစိုက်တပ်ရင်းများကလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
"နေ့လယ်ကတည်းကပစ်တာပါ။အခုလည်း ပစ်နေပါတယ်။ ဘယ်ဘက်ကပစ်နေလဲဆိုတာတော့ ခန့်မှန်းဖို့ခက်ပါတယ်။ အသံတွေကတော့အခုတစ်မိနစ် တစ်ခါလောက်ကြားနေ၇ပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
နောက်ထပ်ဒေသခံတစ်ဦးက"မပစ်တာတစ်ရက်နှစ်ရက်ရှိပြီ။ ဒီနေ့မှ ပြန်ကြားရတာပါ။ ဘယ်ကပစ်လဲ ဒေသခံတွေအနေနဲ့က အတိအကျတော့ပြောဖို့ခတ်တယ်။အမြောက်တပ်ဘက်ကလို့တော့ ခန့်မှန်း၇ပါတယ်"ဟု ပြောသည်။
စက်တင်ဘာလအတွင်းစကစတပ်က မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့တွင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် လူနေအိမ်၊အဆောက်အအုံပျက်စီးမှုများဆက်တိုက်ရှိလာကြောင်း သိ၇သည်။ (NN-7)